မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၆ ရက်၊ ၂၀၂၁)

06 May 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မေ ၆ ရက်၊ ၂၀၂၁)

မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် NUG ကို အသိအမှတ်ပြုဖို့နဲ့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ မြန်မာအစိုးရ ရန်ပုံငွေကို မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် NUG အနေနဲ့ ထိန်းချုပ်ခွင့်ပြုဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန်အောက်လွှတ်တော်အမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေနဲ့ဆက်စပ်ပြီး ရန်ကုန်၊ အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားသူတွေကို အထူးတရားရုံး၊ စစ်ခုံရုံးတွေနဲ့ စစ်ဆေးစီရင်နေပြီး ဥပဒေကြောင်းအရ ရပိုင်ခွင့် ဆုံးရှုံးတာတွေ ရှိနေတယ်လို့ အကျိုးဆောင်ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလို တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း မေလ ၅ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly