ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ သတင်းသမားတွေရဲ့ စကားသံတွေ

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ သတင်းသမားတွေရဲ့ စကားသံတွေ

သတင်းမီဒီယာတွေကို ဖမ်းဆီးတရားစွဲပြီး သတင်းအမှောင်ချဖို့ ကြိုးစားတာ၊ ပြည်တွင်းမီဒီယာတွေကို ထုတ်ဝေခွင့် လိုင်စင်တွေ ပိတ်သိမ်းတာဟာ အာသိမ်းစစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ဖုံးကွယ်ချင်လို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် သတင်းထောက်တွေက ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်းလည်း သတင်းထောက်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်း ၁၈ ခုကလည်း မီဒီယာလွတ်လပ်ခွင့်ပေးဖို၊ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ အင်တာနက်ဖြတ်တောက်မှုကို ရပ်ဆိုင်းဖို့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစတင်ပြီး စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံရပြီး ထက်ဝက်ကျော်လောက်ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းခံထားရဆဲလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် သတင်းထောက်တွေရဲ့ စကားသံတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly