ပြည်ပသို့ ထွက်ခွာခွင့် ပိတ်နိုင်သည့် ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်ကို အမေရိကန် စိုးရိမ်

ပြည်ပသို့ ထွက်ခွာခွင့် ပိတ်နိုင်သည့် ဟောင်ကောင် လူဝင်မှုကြီးကြပ်ရေး ဥပဒေသစ်ကို အမေရိကန် စိုးရိမ်
Photo: AFP

တရုတ်ပြည်မကြီးပုံစံ ထွက်ခွာခွင့်ပိတ်ပင်ခြင်း ဟောင်ကောင်တွင်ကျင့်သုံးနိုင်သဖြင့် ပြည်ပသို့ထွက်ခွာခွင့်ကို တားမြစ်နိုင်သည့် ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်ကို များစွာ စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ဧပြီလ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

အတိုက်အခံ ကင်းမဲ့နေသော ဟောင်ကောင်ဥပဒေပြုလွှတ်တော်၌ ယင်းဥပဒေကို ဧပြီလ ၂၈ရက်က ပြဋ္ဌာန်းလိုက်ချိန်တွင် တရုတ်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အာဏာရှင်ဆန်သည့် ပြည်မကြီး ကဲ့သို့ဖြစ်လာစေရန် ကြိုးပမ်းလျှက်ရှိသည်။

အဆိုပါ ဥပဒေအရ ပြည်သူများဟောင်ကောင်မှ အဝင်အထွက် မလုပ်နိုင်အောင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအကြီးအကဲများက ပိတ်ပင်တားမြစ်နိုင်မည်ဖြစ်သည်။

“ ဒီဥပဒေအကြောင်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကင်းမဲ့နေပြီး ဒါကို ဟောင်ကောင်မှာ အသုံးပြုမယ့်အလားအလားရှိနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အလွန်အမင်း စိုးရိမ်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“ဥပဒေ လုပ်ထုံးလုပ်နည်းတွေအတိုင်းမဟုတ်ဘဲ တရုတ်ပြည်မကြီးမှာ အမေရိကန်နိုင်ငံသားတွေအပါအဝင် တစ်ဖက်သတ်ထွက်ခွာခွင့် ပိတ်ပင်မှုတွေ ပြုလုပ်လာမှာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကာလကြာရှည်စွာကတည်းက စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေက အလားတူ အာဏာရှင်ဆန်ဆန် တဖက်သတ်ဆောင်ရွက်မှုတွေကို ပြုလုပ်မယ့် အလားအလာတွေအပေါ် ကျွန်တော်တို့ အလွန်အမင်းစိုးရိမ်ပူပန်မိပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဟောင်ကောင်အစိုးရက ယင်းဥပဒေသည် ဟောင်ကောင်မှ ထွက်ခွာမည့်သူများအား တားမြစ်မည်မဟုတ်ဘဲ စီးပွားရေးအချက်အခြာဖြစ်သော ဟောင်ကောင်သို့ တရားမဝ င်လာရောက်မည့်သူများအား တားဆီးရန်သာ ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

သို့သော် ဥပဒေကြမ်းသည် ဆိုက်ကပ်လာသည့် လေယာဉ်များနှင့် ရွှေ့ပြောင်း လုပ်သားများကို ကန့်သတ် မထားသလို ဟောင်ကောင်မှ ထွက်ခွာမည့်သူတိုင်း ကို ကျင့်သုံးနိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ဆိုသည်။

အဆိုပါစိုးရိမ်ပူပန်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် ဟောင်ကောင်အစိုးရက ဆိုက်ကပ်လာသည့် လေယာဉ်များအတွက်ကိုသာ ကျင့်သုံးမည်ဖြစ်ကြောင်းဖော်ပြသည့် ဥပဒေနည်းဥပဒေမူကြမ်းကို ရေးဆွဲလိမ့်မည်ဟု ဧပြီလ ၂၈ရက် နှောင်းပိုင်းက ပြောကြားခဲ့သည်။

အမေရိကန်၏ ထုတ်ပြန်ချက်တွင် ပြည်ပထွက်ခွာမည့်သူများအား အကြောင်းတစ်စုံတစ်ရာပြပြီး ယင်းဥပဒေကို ဟောင်ကောင်အစိုးရက အသုံးမပြုရန်နှင့် ပြည်သူလူထု၏ ကတိကဝတ်ကို လေးစားရန် တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required