လာမည့်နှစ်လအတွင်း ပါကစ္စတန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း ရရှိမည်

လာမည့်နှစ်လအတွင်း ပါကစ္စတန်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅ သန်း ရရှိမည်
Photo: EPA

ပါကစ္စတန်က တရုတ်ကုမ္ပဏီ ၃ ခုမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၃ သန်းဝယ်ယူထားပြီး လာမည့်နှစ်လ အတွင်း ယင်းဆေးများကို လက်ခံရရှိလိမ့်မည်ဟု ကျန်းမာရေးဝန်ကြီးက ဧပြီ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးများကို Sinopharm၊ CanSinoBio နှင့် Sinovac တို့မှ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဖိုင်ဆဲလ်ဆူလ်တန်က ပြောကြားသည်။

ဆင်းရဲသောနိုင်ငံများအတွက်ထောက်ပံ့ပေးမည့် COVAX အစီအစဉ်အရ ပေးမည့် ဆေး၂ဒသမ ၄ သန်းခန့်လည်း ယင်း ကာလအတွင်း ရောက်ရှိမည်ဖြစ်သည်။

"ကမ္ဘာတစ်ဝန်းလုံးက ရနိုင်သမျှ အရင်းအမြစ်တွေကနေ စဉ်ဆက်မပြတ်ဝယ်ယူသွားမှာပါ" ဟု ဖိုင်ဆဲလ်ဆူလ်တန်က ပြောကြားသည်။

“အခုအချိန်အထိတော့ တရုတ်က ကာကွယ်ဆေးအတွက် အဓိကအရင်းအမြစ်ဖြစ်နေပြီး လက်ရှိလိုအပ်နေတာကိုဖြည့်ဆည်းပေးနိုင်ပေမယ့် ဆက်လက်လိုအပ်နေတာတွေရှိနေလို့ ကျွန်တော်တို့က ထိရောက်ပြီး ဘေးကင်းတဲ့ဆေးတွေရရှိဖို့ ဖြစ်နိုင်သမျှနည်းလမ်းတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် GAVI မှပြုလုပ်သော COVAX အစီအစဉ်အရ ပထမအသုတ်အနေဖြင့်၏ ရရှိမည့်ဆေးအရေအတွက် ၁၄ သန်းအနက်မှ တစ်စိတ်တပိုင်းအနေဖြင့် AstraZeneca ကာကွယ်ဆေး ၂ဒသမ ၄ သန်းခန့်မှာလည်း တောင်ကိုရီးယားနိုင်ငံမှ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ဖိုင်ဆဲလ် ဆူလ်တန်က ပြောကြားသည်။

လူဦးရေ သန်း ၂၂၀ ရှိသော ပါကစ္စတန်နိုင်ငံတွင် ယခုအချိန်အထိ လူဦးရေ ၂ သန်းမျှကိုသာ ကာကွယ်ဆေး ထိုးနိုင်သေးပြီး တောင်အာရှတွင် အနိမ့်ဆုံးနှုန်းဖြစ်သည်။

COVAX အစီအစဉ်အရ ၂၀၂၁ ခုနှစ်အကုန်အထိ ပါကစ္စတန်သို့ ကာကွယ်ဆေး ၄၅ သန်းပေးအပ်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးကို မတ်လတွင်စတင်ရန်ရည်ရွယ်ခဲ့သော်လည်း AstraZeneca ကာကွယ် ထုတ်လုပ်သောအိန္ဒိယသည် ကိုဗစ်ကပ်ရောဂါ အခြေအနေ ဆိုးရွားလာခြင်းကြောင့် ထောက်ပံ့မှုများကို ရပ်ဆိုင်းခဲ့သည်။

"COVAX အစီအစဉ် နှောင့်နှေးသွားတာကြောင့် ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ကာကွယ်ဆေးပမာဏ မပြည့်မီနိုင်တော့ပေမယ့် ဆေးထိုးပေးတဲ့ နှုန်းကတော့ မြန်ဆန်လာပါတယ် " ဟု ဆူလ်တန်က ပြောကြားသည်။

ပါကစ္စတန်သည် မည်သည့်ထောက်ပံ့ရေးပစ္စည်းများကို မဆို ရယူရန်ကြိုးပမ်းနေပြီး ဖေဖော်ဝါရီလတွင် တရုတ်မှ လှူဒါန်းသော ဆေး ၁ ဒသမ၂ သန်းဖြင့် ကာကွယ်ဆေး စတင်ထိုးပေးခဲ့ပြီး ဧပြီလတွင် တရုတ်မှ ဆေးပမာဏ ၄ သန်းကို ရရှိခဲ့သည်။

မေလပထမပတ်မှ စတင်ပြီး အသက် ၄၀ နှင့်အထက်လူများအား ကာကွယ်ဆေး စတင်ထိုးပေးရန် စီစဉ်ထားသည်။

ပါကစ္စတန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၁၇၆၈၀ ဦးရှိပြီး၊ ကူးစက်ခံရသူ စုစုပေါင်း ၈၁၅၇၁၁ ဦး ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly