အာဖဂန် စကားပြန်တွေက သူတို့ကို မထားရစ်ခဲ့ဖို့ အမေရိကန်ကို တိုက်တွန်းတောင်းဆို 

အာဖဂန် စကားပြန်တွေက သူတို့ကို မထားရစ်ခဲ့ဖို့ အမေရိကန်ကို တိုက်တွန်းတောင်းဆို 
Photo - AFP

မေ ၁

အမေရိကန်စစ်တပ်နဲ့အတူ တစ်ခါတစ်ရံမှာ အသေဘေးကြုံရတဲ့ အနေအထားကြားမှာ စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သူ အာဖဂန်နစ္စတန်နိုင်ငံသား ဒါဇင်များစွာဟာ အမေရိကန်တပ်တွေ နေရပ်ပြန်ပြီးနောက် တာလီဘန်တွေရဲ့ ပစ်မှတ်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေရကြောင်း သောကြာနေ့မှာ ဖွင့်ဟပြောဆိုကြပါတယ်။ 

သူတို့တွေကို ချန်မထားရစ်ခဲ့ဖို့အတွက်လည်း စကားပြန်တွေက အမေရိကန်ကို တိုက်တွန်းတောင်းဆိုကြပါတယ်။ 

အမေရိကန်က တပ်ဖွဲ့ဝင်တွေကို တရားဝင် ရုပ်သိမ်းဖို့ မစတင်ခင် ကဘူးမှာ နေ့လယ်ပိုင်း ဝတ်ပြုဆုတောင်းအပြီး စကားပြန်တွေက စုရုံးတောင်းဆိုကြတာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ အားလုံး ရုပ်သိမ်းဖြစ်ဖို့က လအတော်ကြာဦးမှာ ဖြစ်ပေမယ့် ခုလို စုရုံးဆန္ဒဖော်ထုတ်ကြတာ ဖြစ်ပါတယ်။ 

“ကျွန်တော်တို့ လိုချင်တဲ့ အဓိကအရာက ကျွန်တော်တို့ကို အမေရိကန်ဆီ ခေါ်သွားဖို့ပါ၊ ဒါဟာ ကျွန်တော်တို့ကို သူတို့ ပေးထားတဲ့ ကတိအတိုင်းပါပဲ”လို့ ၂၀၀၉ မှ ၂၀၁၃ ကြား တိုက်ခိုက်ရေးစစ်ဆင်ရေးတွေမှာ အမေရိကန်တပ်တွေအတွက် စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သူ မိုဟာမတ်ဝါလီဇာဒါက ပြောပါတယ်။ 

၂၀၁၁ ခုနှစ်က ဂါဇက်နီမှာ အမေရိကန်တပ်တွေနဲ့ ရှိနေချိန် ခြေထောက်ကို သေနတ်ထိမှန်ခံခဲ့ရကြောင်းလည်း အသက် ၃၁ နှစ်ရှိ ဝါလီဇာဒါက ဆိုပါတယ်။ 

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုကြီး နှစ်နှစ်ဆယ်ပြည့်မှာ အမေရိကန်ရဲ့ အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်တဲ့အနေနဲ့ အာဖဂန်နစ္စတန်ကနေ အမေရိကန်ရဲ့ ကျန်ရှိတဲ့ တပ်တွေအားလုံးကို ရုပ်သိမ်းမှာ ဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က အခုလ အစောပိုင်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

၎င်းတို့ကိုကို ‘မေ့လျော့ခံ စစ်သူရဲကောင်းများ’လို့ ခေါ်ကြတဲ့ စကားပြန်တွေထဲက တစ်ချို့က အမေရိကန်နဲ့ နေတိုးတပ်တွေနဲ့ သူတို့ရဲ့ သဘောတူညီ အများအပြားဟာ ရုတ်ခြည်း အဆုံးသတ်သွားခဲ့ရကြောင်း ပြောကြပါတယ်။ 

အမေရိကန်နဲ့ အခြားနေတိုးနိုင်ငံတွေကနေ ဗီဇရပြီးနောက်မှာ အာဖဂန် စကားပြန် ထောင်ပေါင်းများစွာဟာ နိုင်ငံကနေ ထွက်ခွာနိုင်ခဲ့ကြပါတယ်။ 

ဒါပေမယ့် အမေရိကန် တာဝန်ရှိသူအချို့က ဂျီဟတ်ဝါဒီတွေဟာ စကားပြန်အဖြစ်နဲ့ လျှိုဝင်လာနိုင်တယ်လို့ ဆန့်ကျင်ကြတာကြောင့် မကြာသေးတဲ့ နှစ်တွေမှာ ဗီဇာခွင့်ပြုတာကို ရပ်တန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly