အရှေ့တောင်အာရှတွင် IS လှုပ်ရှားမှု ဆောင်ရွက်ရေး ဒေသတွင်း စစ်သွေးကြွအဖွဲ့များ စုဖွဲ့ရန် စီစဉ်နေဟုဆို

အရှေ့တောင်အာရှတွင် IS လှုပ်ရှားမှု ဆောင်ရွက်ရေး ဒေသတွင်း စစ်သွေးကြွအဖွဲ့များ စုဖွဲ့ရန် စီစဉ်နေဟုဆို

ဖြစ်လာနိုင်သည့် အစွန်းရောက်တိုက်ခိုက်မှုများအတွက် ဖိလစ်ပိုင်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် မလေးရှားနိုင်ငံက တိုက်တွန်းပြောသည်။

ဖိလစ်ပိုင်ရှိ အဘူဆေယတ်ဖ်ဆိုသည့် အစွန်းရောက်အဖွဲ့ အပါအဝင် ဒေသတွင်းရှိ စစ်သွေးကြွအဖွဲ့များက အရှေ့တောင်အာရှ၌ အိုင်အက်စ်လှုပ်ရှားမှုတစ်ရပ်ကို စုပေါင်းဖွဲ့စည်းလုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်ဟု ထောက်လှမ်းရေးက သတင်းရထားသည်။ ထိုသို့ သတင်းရပြီးနောက်တွင် မလေးရှားက ဆော်သြလာခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ဖိလစ်ပိုင်အာဏာပိုင်များက အဘူဆေယတ်ဖ်အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးမိသည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးက ပင်လယ်စာစားသောက်ဆိုင်တစ်ဆိုင်က အလုပ်သမားနှစ်ဦးကို ပြန်ပေးဆွဲပြီး ဘာနက်သန်းဆိုသူ တစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် အဘူဆေးယတ်ဖ် အဖွဲ့ဝင်များဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်သွေးကြွနှစ်ဦးကို နိုင်ငံရင်းသို့ ပြန်အပ်စေလိုပြီး တိုင်းပြည်အတွင်း တရားစွဲဆိုလိုကြောင်း မလေးရှားရဲအကြီးအကဲ ခါလစ်အဘူဘာကာက ပြောသည်။

စစ်သွေးကြွတို့၏ ပြန်ပေးဆွဲခံရမှုတွင် အသက် ၃၉ နှစ်ရှိ ဘားနက်သန်းဆိုသူသည် ပင်လယ်စာစားသောက်ဆိုင် မန်နေဂျာ သန်းနောက်ဖန်နှင့်အတူ ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ မန်နေဂျာဖြစ်သူက စစ်သွေးကြွများတောင်းသည့် ပြန်ပေးငွေကို ပေးနိုင်ကာ လွတ်လာခြင်းဖြစ်ပြီး ညှိနှိုင်းရာတွင် အဆင်မပြေသည့် ဘားနက်သန်းကိုမူ ခေါင်းဖြတ်သတ်ပစ်လိုက်ကြခြင်းဖြစ်သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly