ကူညီရန် အသင့်ဖြစ်နေသော်လည်း အိန္ဒိယက အောက်ဆီဂျင်ကို အခြားနိုင်ငံမှ ရှာနေကြောင်း တရုတ် ပြောကြား

ကူညီရန် အသင့်ဖြစ်နေသော်လည်း အိန္ဒိယက အောက်ဆီဂျင်ကို အခြားနိုင်ငံမှ ရှာနေကြောင်း တရုတ် ပြောကြား
Photo: EPA

နယူးဒေလီ

အိန္ဒိယတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားနေသောကြောင့် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပေးရန် တရုတ်က အဆင်သင့်ရှိနေကြောင်း ဧပြီ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ထို့ပြင် လိုအပ်သည့် အောက်ဆီဂျင်ကို ပြည်ပမှ ရရှိရန် လုပ်ဆောင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ရှာဖွေရန် ကြိုးပမ်းသည့် နိုင်ငံများတွင် တရုတ်မပါဝင်ကြောင်းလည်း တရားဝင်သတင်းရင်းမြစ်များက ပြောကြားသည်။

အိန္ဒိယက လိုအပ်သည့် အောက်ဆီဂျင်များကို ပင်လယ်ကွေ့နှင့် စင်ကာပူနိုင်ငံများမှ အဓိက ရယူသွားမည်သည်။

ဆေးဝါးပစ္စည်းများကို တရုတ်နိုင်ငံမှ ယမန်နှစ်အတွင်း အိန္ဒိယက တင်သွင်းခဲ့သော်လည်း အရောင်းအဝယ် သဘောတူညီချက်များဖြင့်သာ ရယူခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံများက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို တောင်အာရှနိုင်ငံများသို့ တင်ပို့ခဲ့သော်လည်း သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့က အိန္ဒိယမှ ဆေးများ မရတော့မှသာ တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

ကိုဗစ် ကပ်ရောဂါအား ပူးပေါင်းတုံ့ပြန်ရေးအတွက် တရုတ်က သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါအပါအဝင် ဒေသတွင်း နိုင်ငံများနှင့် ဧပြီ ၂၉ ရက်က ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly