ပြည်တွင်း၊ ပြည်ပရှိ ဝီဂါများကို တရုတ်အစိုးရက စုံစမ်းထောက်လှမ်းနေရန် ကြိုးပမ်းနေ

ပြည်တွင်း၊ ပြည်ပရှိ ဝီဂါများကို တရုတ်အစိုးရက စုံစမ်းထောက်လှမ်းနေရန် ကြိုးပမ်းနေ

ပြည်တွင်းနှင့် ပြည်ပရှိ နိုင်ငံသားများနှင့် ဝေဖန်သူများကို တရုတ်အစိုးရက ခြေရာခံရန်အတွက် ရှုပ်ထွေးခက်ခဲသော စောင့်ကြည့်လေ့လာရေးစနစ်ကို တရုတ်နိုင်ငံတွင် ဧပြီလ ၂၈ ရက်တွင် တပ်ဆင်လိုက်သည်။

နိုင်ငံသားများအား စောင့်ကြည့်ရန်အတွက် ဘက်စုံစနစ်များကို တပ်ဆင်ထားသည်သာမက တရုတ်နိုင်ငံတွင် လုပ်ကိုင်နေသော ပုဂ္ဂလိကကုမ္ပဏီများရှိ လူနှင့် နည်းပညာ လျှိူ့ဝှက်ထောက်လှမ်းမှုများ ကွန်ရက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန်လည်း တရုတ်အစိုးရက တာဝန်ပေးခဲ့သည်။

နိုင်ငံရပ်ခြားတွင် နေထိုင်သော ဝီဂါလူမျိုးများအပါအဝင် တရုတ်ပြည်မှ လူများစွာသည် စောင့်ကြည့်ခံနေရပြီး တရုတ်ကွန်မြူနစ်ပါတီ (CCP) က သိမ်းပိုက်ထားသော ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါ် အရှေ့တာကစ္စတန်တွင် နေထိုင်သည့် မိသားစုဝင်များသည်လည်း တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ခြိမ်းခြောက်ခံနေရသည်။

ယင်းနှင့် ဆက်စပ်၍ မကြာသေးမီက ထွက်ပေါ်လာခဲ့သည့် နောက်ထပ် စိတ်ဝင်စားဖွယ်အချက်တစ်ချက်မှာ စောင့်ကြည့်ခြေရာခံသည့် လုပ်ငန်းတစ်ခုဖြစ်သော IPVM မှ ထုတ်ဝေပြီး နယူးယောက်တိုင်းမ်သတင်းစာသို့ ပေးပို့သော ထုတ်ပြန်ချက်တွင် cloud ကွန်ပြူတာ နည်းပညာသုံး စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသော Alibaba ၏ ဝက်ဘ်ဆိုဒ်သည် ဆော့ဝဲလ်အသုံးပြုပြီး ဈေးဝယ်သည့် ဝီဂါများနှင့် တခြားတူရကီလူမျိုးကို ပုံရိပ်နှင့် ဗီဒီယိုများမှတစ်ဆင့် ခြေရာခံနိုင်ပုံကို ထုတ်ဖော်ပြသခဲ့သည်။

ယင်း နည်းစနစ်ကို Alibaba ဆော့ဖ်ဝဲလ်တွင် ထည့်သွင်းထားခြင်းဖြင့် ဝက်ဘ်ပလက်ဖောင်းများသည် “အကြမ်းဖက်မှု၊ ညစ်ညမ်းရုပ်ပုံစာပေနှင့် အခြားတားမြစ်ပစ္စည်းအမျိုးအစားများ” နှင့် သက်ဆိုင်သော ပစ္စည်းများအတွက် ဒစ်ဂျစ်တယ်အကြောင်းအရာများကို စောင့်ကြည့်ပေးနိုင်သည်။

ဝီဂါများအား စောင့်ကြည့်ခြင်းနှင့် အနှောက်အယှက်ပေးခြင်းများအပါအဝင် ဝန်ဆောင်မှုများထောက်ပံ့ပေးရန်နှင့် တရုတ်ပြည်အတွက် လုပ်ကိုင်ပေးရန်အတွက် တရုတ်ကုမ္ပဏီအားလုံးကို ဥပဒေအရ ကြတ်မတ်ထားသည်။

NYT မှ Alibaba ကို ယင်းကိရိယာအကြောင်း မေးမြန်းသောအခါ ကုမ္ပဏီက ယင်း၏ဝက်ဘ်ဆိုဒ်ကို တည်းဖြတ်ခဲ့ပြီး ဝီဂါနှင့် အခြားတူရကီမျက်နှာများကို ထောက်လှမ်းမှုကို ဖယ်ရှားခဲ့သည်။ Alibaba သည် စမ်းသပ်မှုပြုလုပ်ရန် ရည်ရွယ်ခဲ့ပါကလည်း ယင်းဆော့ဝဲလ်ကို မည်သည့်အတွက် တီထွင်ခဲ့သည်ကို ထုတ်ဖော်မပြောကြားခဲ့ပေ။

တရုတ်နိုင်ငံ၏ အခြား Cloud ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီဖြစ်သော Kingsoft Cloud ကလည်း ယင်းဝက်ဘ် ဆိုဒ်၏ နည်းပညာသည် အခြားလုပ်ငန်းဆောင်တာများအပြင် “ လူမျိုး” ကို ခန့်မှန်းရန် မျက်နှာ၏ ပုံရိပ်ကို အသုံးပြုနိုင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

Kingsoft Cloud ဝက်ဘ်ဆိုဒ်တွင် IPVM မှ တွေ့ရှိပြီး NYT သို့ ပေးပို့ခဲ့သည့် စာမျက်နှာတစ်မျက်နှာတွင် ကုမ္ပဏီ၏ဆော့ဖ်ဝဲလ်သည် လူမျိုးမှာ ဝီဂါ ဟုတ်မဟုတ်ဆိုသည်ကို ဆန်းစစ်နိုင်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required