လာလီဂါအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ

လာလီဂါအကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိ

မက်ဒရစ်၊ ဒီဇင်ဘာ ၁ ။          ။ ၂၀၁၅ ခုနှစ်အတွက် လာလီဂါအကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးရရှိသွားခဲ့သည်။ လာလီဂါအကောင်းဆုံးဆုပေးပွဲတွင် ဘာစီလိုနာအသင်းသည် ဆုငါးဆုအထိ ရရှိခဲ့ပြီး ရီးယဲလ်အသင်းက ဆုသုံးဆု ရရှိခဲ့သည်။

မက်ဆီသည် နောက်ဆုံး ၇ နှစ်တွင် လာလီဂါအကောင်းဆုံးဘောလုံးသမားဆုနှင့် အကောင်းဆုံးတိုက်စစ်မှူးဆုကို ခြောက်ကြိမ်အထိရရှိထားသည်။ ယခုနှစ်တွင်လည်း မက်ဆီသည် လာလီဂါအကောင်း ဆုံးဘောလုံးသမားဆုနှင့် အကောင်းဆုံးတိုက်စစ်မှူးဆု နှစ်ဆုကို ရရှိခဲ့ပြီး အသင်းဖော်နေမာက အကောင်းဆုံးအမေရိကတိုက်ဘောလုံးသမားဆုကို ရရှိခဲ့သည်။ ဂိုးသမားဘရာဗိုမှာ အကောင်းဆုံး ဂိုးသမားဆုကို ရရှိပြီး နည်းပြအင်းနရစ်က အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့သည်။

ရီးယဲလ်အသင်းမှ ရရှိခဲ့သည့် ဆုသုံးဆုမှာ နောက်ခံလူ ရာမို့စ်က အကောင်းဆုံးခံစစ်ကစားသမားဆု၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က အကောင်းဆုံးကွင်းလယ်ကစားသမားဆုနှင့် စီရော်နယ်ဒိုက ပရိသတ် များရွေးချယ်သောအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခြင်းဖြစ်သည်။ စီရော်နယ်ဒိုမှာ ဆုရရှိသော်လည်း ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ခြင်း မရှိခဲ့ဘဲ ရာမို့စ်က ဆုလက်ခံရယူပေးခဲ့သည်။

လာလီဂါမှ အကောင်းဆုံးအာဖရိက ကစားသမားဆုကိုမူ ဗလင်စီယာကွင်းလယ်ကစားသမား ဖီဂူလီက ရရှိခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly