ထားဝယ်မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေ အားကောင်းနေဆဲ

29 April 2021
ထားဝယ်မှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေ အားကောင်းနေဆဲ

ထားဝယ်မှာ ရှိတဲ့ သပိတ်စစ်ကြောင်းတွေဟာ ဧပြီလ ၂၉ ရက်‌နေ့မှာလည်း  စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတာတွေကို မနက်ပိုင်း ကနေ နေ့လယ်ပိုင်းအထိ အချိန်အပိုင်းအခြားအလိုက် လုပ်နေကြတာ‌တွေ့ရပါတယ်။
တပ်ပေါင်းစုပါဝင်တဲ့ သပိတ်စစ်ကြောင်း၊ ထားဝယ်လူငယ်တွေရဲ့ တော်လှန်ရေးသပိတ်စစ်ကြောင်း၊ ထားဝယ်ပင်မ သပိတ်စစ်ကြောင်းနဲ့ အင်ဂျင်နီယာ၊ ပညာရေးဝန်ထမ်းနဲ့၊ တက္ကသိုလ်ကျောင်းသား‌တွေ၊ကျောင်းသားသမဂ္ဂ‌တွေ
ပါဝင်တဲ့ စစ်ကြောင်းတွေ ချီတက်ဆန္ဒပြနေကြတာပါ။
ထားဝယ်ဒေသမှာ ဆန္ဒပြစစ်ကြောင်းတွေ အားကောင်းနေတဲ့နည်းတူ ဖမ်းဆီးမှုတွေတွေလည်း ခပ်စိပ်စိပ် လုပ်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly