တရုတ်နှင့် သက်ဆိုင်သည့် စာချုပ်များကို အမျိုးသားအကျိုးစီးပွားကြောင့် ပျက်ဖျက်ရခြင်းဟု သြစတြေးလျ ပြောကြား

တရုတ်နှင့် သက်ဆိုင်သည့် စာချုပ်များကို အမျိုးသားအကျိုးစီးပွားကြောင့် ပျက်ဖျက်ရခြင်းဟု သြစတြေးလျ ပြောကြား
Australian Minister for Foreign Affairs Marise Payne. Photo: EPA

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်နှင့် တရုတ်နိုင်ငံအကြား ပိုးလမ်းမ ရပ်ဝန်းသစ် (BRI) စီမံကိန်း၏ သဘောတူညီချက်နှစ်ခုကို ပယ်ဖျက်ရန်ဆုံးဖြတ်လိုက်ခြင်းသည် နိုင်ငံခြားဆက်ဆံရေးတွင် ရှေ့နောက်ညီညွတ်မှုရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှမရည်ရွယ်ကြောင်း သြစတြေးလျက ပြောကြားခဲ့သည်။

ဧပြီလ ၂၃ ရက်တွင် အငြင်းပွားဖွယ် BRI သဘောတူစာချုပ်ကို သြစတြေးလျက ဖျက်သိမ်းလိုက် သောဆုံးဖြတ်ချက်ကို “ကျိုးကြောင်းဆီလျော်မှုမရှိသော ရန်စသည့်လုပ်ရပ်” ဟု တရုတ်က ပြောကြားလိုက်ပြီး၊ ယင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး မာရိုက်ပန်နီက ဗစ်တိုးရီးယားပြည်နယ်မှ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်နှစ်ခုအား ဗီတိုအာဏာသုံးပြီးပယ်ဖျက်လိုက်သည့် လုပ်ရပ်ကို ရန်စသည့်လုပ်ရပ်ဟု တရုတ်က ဖော်ပြခဲ့ပြပြီး သြစတြေးလျနှင့်ဆက်ဆံရေးကို ထပ်မံထိခိုက်နိုင်သည်ဟုလည်း ပြောခဲ့သည်။

အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်သောကြောင့် သြစတြေးလျအစိုးရက တရုတ်နှင့် BRI သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်းကြေညာခဲ့ပြီးနောက်နာရီပိုင်းအကြာတွင် ယင်းပြစ်တင်ပြောဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

"ဒီအစီအစဉ်က သြစတြေးလျရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်မှာ အရမ်းအာရုံစိုက်ထားပါတယ်။ သြစတြေးလျနှင့် ပတ်သက်ပြီး ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးမှာ ရှေ့နောက်ညီညွတ်မှုရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဘယ်နိုင်ငံကိုမှ မရည်ရွယ်ပါဘူး”

“တကယ်တော့ ကျွန်မတို့ ပြည်နယ်နဲ့ နယ်မြေတွေကနေ နိုင်ငံအတော်များများနဲ့ သဘောတူထားတဲ့ စာချုပ် ၁၀ဝဝ နဲ့ ပတ်သက်ပြီး အကြောင်းကြားလာပါတယ်” ဟု ဧပြီလ ၂၂ ရက်က ABC ရေဒီယိုနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မာရိုက်ပန်နီကပြောကြားခဲ့သည့် သတင်းစာသားတွင် ဖော်ပြထားသည်။

သြစတြေးလျပြည်နယ်များက နိုင်ငံခြားအစိုးရများနှင့်ပြုလုပ်သောသဘောတူညီချက် ၁၀ဝ၀ ကို အကြောင်းကြားလာကြောင်းနှင့် လုပ်ငန်းစဉ်အသစ်အရ ယင်းစီမံကိန်းများနှင့် ပတ်သက်ပြီး သူမအား ဗီတိုအာဏာသုံးစွဲခွင့်ပြောထားကြောင်း Al Jazeera တွင်လည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်အစိုးရသို့ ကြိုတင်အကြောင်းကြားခြင်းရှိမရှိမေးမြန်းခဲ့ရာ၊ ဝန်ကြီးက တရုတ်အာဏာပိုင်များသို့ ကြိုတင်အသိပေးစာပေးပို့ခဲ့ကြောင်း ဆိုသည်။

“ ဒါကြောင့် သြစတြေးလျနဲ့ တရုတ်နှစ်နိုင်ငံစလုံးကို ရနိုင်တဲ့ အကြံတွေ ကျွန်မတို့ပေးခဲ့ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေ ပေးခဲ့ပါတယ်၊ သြစတြေးလျက တရုတ်နှင့် စေ့စပ်သွားရန် ကတိပြုထားကြောင်းနှင့် ကမ္ဘာတစ်ဝန်းလုံးက အစိုးရတွေအနေနဲ့ ကျွန်မတို့အစိုးရရဲ့ ဆုံးဖြတ်နိုင်ခွင့်အာဏာကိုတော့ လေးစားပါလို့ ပြောချင်ပါတယ်” ဟု သူမက ထပ်လောင်းပြောဆိုခဲ့သည်။

ဧပြီလ ၂၁ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင်အမိန့်အရ စကော့မယ်ရီဆန် အစိုးရသည် ဗစ်တိုးရီးယားပြည်နယ်အစိုးရနှင့် တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်တို့ အကြားလက်မှတ်ရေးထိုးထားသော ၂၀၁၈ ခုနှစ်အောက်တိုဘာ ၈ ရက်ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့်စာချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်တွင် နှစ်ဖက်လက်မှတ်ထိုးထားသည့် မူဘောင်သဘောတူညီချက်ကိုလည်း ပယ်ဖျက်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required