ရှားပါးမြေဒြပ်စင်များနှင့် ပတ်သက်၍ တရုတ်၏ လွှမ်းမိုးမှုအပေါ် အနောက်နိုင်ငံများ စိုးရိမ်

ရှားပါးမြေဒြပ်စင်များနှင့် ပတ်သက်၍ တရုတ်၏ လွှမ်းမိုးမှုအပေါ် အနောက်နိုင်ငံများ စိုးရိမ်

ကမ္ဘာပေါ်ရှိ ရှားပါးမြေဒြပ်စင်များကို တရုတ်က ဆက်လက်လွှမ်းမိုးထားသည့်အတွက် လျှပ်စစ်ကား ဘက်ထရီများ ထုတ်လုပ်ရန်၊ ဂြိုဟ်တုများ၊ လက်နက်များ၊ လေရဟတ်တာဘိုင်များနှင့် နေရောင်ခြည်စွမ်းအင်ပြားများအတွက် မရှိမဖြစ်လိုအပ်သော ရှားပါးသတ္ထုနှင့် တွင်းထွက်ပစ္စည်းများကို ရရှိရေးအတွက် အနောက်နိုင်ငံများအနေဖြင့် ကိုယ့်အားကိုယ်ကိုးရမည့် အခြေအနေသို့ ရောက်ရှိနေသည်။

နည်းပညာနယ်ပယ်တွင် မိုက်ခရိုချစ်ပ်ပြား မှသည် စပီကာများ၊ X-ray ပုံရိပ်များအထိမရှိမဖြစ်လိုအပ်သည့် ရှားပါးမြေဒြပ်စင်များကို နိုင်ငံအနည်းငယ်မှသာ ထွက်ရှိသည်။

မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာန (CSIS) ၏ အဆိုအရ တရုတ်မှ ကမ္ဘာ့ရှားပါးသတ္တု၏ ၈၅ ရာခိုင်နှုန်းကျော် ရရှိနေပြီး ကမ္ဘာပေါ်တွင် ခနောက်စိမ်းနှင့် ဘရိုက်သတ္တုကဲ့သို့သော ရှားပါးသတ္တုများ၏ သုံးပုံနှစ်ပုံခန့်ကို ထောက်ပံ့ပေးနေသည်။

South China Morning Post (SCMP) ၏ နောက်ဆုံးသတင်းဖော်ပြချက်တွင် တရုတ်သည် နေရောင်ခြည်စွမ်းအင်သုံး PV ပြားထုတ်လုပ်မှုကို လွှမ်းမိုးထားပြီး ထုတ်လုပ်မှု၏ ၉၀ ကျော်မှာ တရုတ်မှ ဖြစ်သည်။

လက်သီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှုတွင် အသုံးပြုသည့် အဓိကအစိတ်အပိုင်းများထုတ်လုပ်မှုတွင် တရုတ်က စွမ်းဆောင်ရည်မြင့်မားပြီး ကမ္ဘာလုံးဆိုင်ရာ ဘက်ထရီဆဲလ်ထုတ်လုပ်မှုစွမ်းရည်၏ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း CSIS က ပြောကြားခဲ့သည်။

ဟောင်ကောင်အခြေစိုက်သတင်းစာ၏ အဆိုအရ ယင်းထုတ်ကုန်များ၏ ဈေးကွက်အတွင်း ရောက်ရှိရေးတွင် အနှောင့်အယှက်ပေးခြင်းဖြင့် အဓိကစက်မှုလုပ်ငန်းများကိုထိခိုက်မည်ကို အမေရိကန်နှင့် ဥရောပနိုင်ငံများက စိုးရိမ်နေကြသည်။

ရှားပါးမြေဒြပ်စင်များ ရောင်းချခြင်းကို တရုတ်က လွှမ်းမိုးထားခြင်းအပါအဝင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်ပမှ တင်သွင်းနေရခြင်းများအပေါ် အလွန်အမင်းမှီခိုအားထားခြင်းကို လျော့ချပစ်ရမည်ဟု ဖေဖော်ဝါရီလတွင် ဥရောပကော်မရှင်ဥက္ကဋ္ဌဖြစ်သည့် ဗွန်ဒါလီယန် ပြောကြားခဲ့သည်။

“ အစိမ်းရောင်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေအတွက် ရှားပါးမြေဒြပ်စင်တွေပေါ်မှာ လက်ရှိ အများအပြားမှီတည်နေရပါတယ်။ လျှပ်စစ်ကားတွေအတွက် လီသီယမ်၊ သန့်စင်တဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်ဖို့အတွက် ပလက်တီနမ်၊ နေရောင်ခြည်စွမ်းအင်ပြားများအတွက် ဆီလီကွန်သတ္တု၊ လိုအပ်တဲ့ ရှားပါးဒြပ်စင်စုစုပေါင်းရဲ့ ၉၈ ရာခိုင်နှုန်းက တရုတ်က တင်သွင်းနေရတယ်။ ဒါက ရေရည်အတွက်မဖြစ်နိုင်ပါဘူး” ဟု ဗွန်ဒါလီယန် ပြောကြားခဲ့သည်။

ကုန်ကြမ်းရရှိမှု လက်ရှိအခြေအနေအပေါ် အီးယူ၏ မှီခိုမှုကို လျှော့ချရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အကြား အရေးကြီးသော ပစ္စည်းများကို ဖြန့်ဝေအသုံးပြုနိုင်ရန်အတွက် အီးယူဥက္ကဋ္ဌက ပြီးခဲ့သည့်နှစ်က ဥရောပတိုက်၏ ကုန်ကြမ်းပစ္စည်းများ မဟာမိတ်အဖွဲ့ကို ယင်းရည်ရွယ်ချက်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required