ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် အိန္ဒိယကို ကူညီရန် Microsoft နှင့် Google တို့ ကမ်းလှမ်း

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် အိန္ဒိယကို ကူညီရန် Microsoft နှင့် Google တို့ ကမ်းလှမ်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေစဉ်အတွင်း Microsoft ကုမ္ပဏီ၏ အိန္ဒိယ-အမေရိကန် အမှုဆောင်အရာရှိဖြစ်သူ စက်ရာ နာဒယ်လာနှင့် Google ကုမ္ပဏီ မှ အမှုဆောင်အရာရှိဖြစ်သူ စန်ဒရာပီချိုးတို့က အိန္ဒိယကို အကူအညီပေးရန် ဧပြီလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ အိန္ဒိယရဲ့ လက်ရှိအခြေအနေကြောင့် မိမိအနေနဲ့ ကြေကွဲရတယ်။ အမေရိကန်အစိုးရက အကူညီပေးဖို့ ကြိုးစားနေလို့ ကျေးဇူးတင်မိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန်နဲ့ အရေးပါတဲ့ အောက်စီဂျင်သုံးပစ္စည်းတွေကို ဝယ်ယူနိုင်ဖို့ Microsoft က သူ့ရဲ့အသံ၊ အရင်းအမြစ်တွေနဲ့ နည်းပညာကို ဆက်လက်အသုံးပြုသွားရမယ်” ဟု တွစ်တာတွင် နာဒယ်လာက ရေးသားခဲ့သည်။

“ အိန္ဒိယမှာ ကိုဗစ်ရောဂါ ကူးစက်မှု ပိုမိုဆိုးရွားလာတာကို တွေ့မြင်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အန္တရာယ်များတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ထောက်ပံ့နေတဲ့ အဖွဲ့တွေနဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့အတွက် Google နဲ့ ဝန်ထမ်းတွေက @GiveIndia, @UNICEF ကို ဒေါ်လာ ၁၈ သန်း ထောက်ပံ့ပေးခဲ့တယ်” ဟု တစ်ချိန်တည်းမှာပင် လက်ရှိအခြေအနေကိုနှလုံးသွင်းလျက် ပီချိုင်းက တွစ်တာတွင် ရေးသားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်မှု၏ ဒုတိယလှိုင်းတွင် အိန္ဒိယသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၃.၅၂ သိန်းရှိခဲ့သည်။ ဤသည်သည် ကူးစက်ပျံ့နှံ့မှု စတင်ကတည်းက တစ်ရက်တည်း ကူးစက်မှု အမြင့်ဆုံးဖြစ်သည်။

ပီချိုင်း၏ တွစ်တာတွင် ရေးသားချက်တွင် ဘလော့ဂ်လင့်ခ်တစ်ခုနှင့် လည်းချိတ်ဆက်ထားပြီး ယင်းတွင် ပိုမိုဆိုးရွားသည့် အခြေအနေကို တိုက်ထုတ်ရန် သူတို့ကြိုးပမ်းမှုများနှင့် ပတ်သက်၍ Google မှ အသေးစိတ် နည်းလမ်းများဖော်ပြထားသည်။

ဘလော့ဂ်တွင် Google အိန္ဒိယ၏ ဌာနေအကြီးအကဲဖြစ်သူနှင့် ဒု-ဥက္ကဋ္ဌဖြစ်သူ ဆန်ဂျေးဂုတ္တက “ ဒီနေ့ အိန္ဒိယအတွက် ရန်ပုံငွေ အသစ် အမေရိကန်ဒေါ်လာ ၁၈ သန်း ရရှိကြောင်း ကြေညာပါတယ်” ဟု ရေးသားထားသည်။

ယင်းတွင် Google.org နှင့် Google ၏ ပရဟိတအဖွဲ့မှ ထောက်ပံ့ငွေနှစ်ခုပေါင်း အမေရိကန်ဒေါ်လာ ၂.၆ သန်း ပါဝင်သည်။ Google.org က အကျပ်အတည်းကြောင့် အဆိုးရွားဆုံးဒဏ်ခံရသည့် မိသားစုများ၏ နေ့စဉ် ကုန်ကျစရိတ်များကို ကူညီရန် ငွေသားထောက်ပံ့ရန်ဖြစ်သည်။

Google ၏ ပရဟိတအဖွဲ့မှာ အောက်ဆီဂျင်နှင့် စမ်းသပ်ကိရိယာများ အပါအဝင် အရေးပေါ်ဆေးကုသမှုများကို အိန္ဒိယတွင် အများဆုံးလိုအပ်သည့်နေရာတွင် ကူညီရန် UNICEF သို့ ပေးအပ်သွားမည်ဖြစ်သည်။ ယင်းတွင် လက်ရှိဝန်ထမ်းများ၏ လှူဒါန်းမှုများလည်းပါဝင်ပြီး ယခုအချိန်အထိ Google ဝန်ထမ်းပေါင်း ၉၀ဝ ကျော်က အန္တရယ်များပြီး အကျဉ်ခံထားရသည့် အသိုင်းအဝိုင်းကိုထောက်ပံ့သည့် အဖွဲ့အစည်းများအတွက် ဒေါ်လာ ၅သိန်း လှူဒါန်းခဲ့သည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးသတင်းအချက်အလက် ဖြန့်ဝေရေးအတွက် Ad Grant မှ ပံ့ပိုးမှု အကြောင်းကိုလည်း ဂုတ္တက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly