ဘတ်ငွေ ၁၄၀၀၀ အကုန်ကျခံကာ ခိုးဝင်ဖို့ ကြိုး စားသည့် မွန်နှင့် ကရင် တိုင်းရင်းသား ၁၂ ဦးကို ထိုင်း တာဝန်ရှိသူများကဖမ်းဆီး

ဘတ်ငွေ ၁၄၀၀၀ အကုန်ကျခံကာ ခိုးဝင်ဖို့ ကြိုး စားသည့် မွန်နှင့် ကရင် တိုင်းရင်းသား ၁၂ ဦးကို ထိုင်း တာဝန်ရှိသူများကဖမ်းဆီး

ဧပြီ ၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရောက် မြန်မာကျပ်ငွေ  ၇ သိန်း ( ဘတ်ငွေ ၁၄၀၀၀ ) အကုန်ကျခံကာ ခိုးဝင်ဖို့ ကြိုး စားသည့် မွန်နှင့် ကရင် တိုင်းရင်းသား ၁၂ ဦးကို ထိုင်း တာဝန်ရှိသူများက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီး လိုက် သည်။

ထိုင်း တာဝန်ရှိသူများအနေဖြင့် သတင်းအရ ကန်ချနဘူရီ ခရိုင်၊ စံခလဘူရီမြို့နယ်ရှိ ရောဘာခြံတစ်ခြံထဲကို ဝင် ရောက် စစ်ဆေး၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းမန်နေဂျာ အွန်လိုင်း သတင်းမှာ ရေးသားဖော်ပြထားသည်။ 

ထိုင်းသတင်းဖော်ပြချက်အရ အဖမ်းဆီးခံရသူများသည် မွန်ပြည်နယ် မော်လမြိုင်မြို့ခံ ၇ ဦးနှင့် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်မှ ဒေသခံ ၅ ဦးတို့ ဖြစ်ပြီး လူကုန်ကူးသူ ( ပွဲစား)နှင့် ချိတ်ဆက်၍ ဘုရားသုံးဆူနယ်စပ်မှ တဆင့် ဘန်ကောက်မြို့ နှင့် မဟာချိုင်းမြို့တို့တွင် သွားရောက် အလုပ်လုပ်မည်ဟု သိရသည်။ 

ထိုင်းတာဝန်ရှိသူများအနေဖြင့် ဖမ်းဆီးခံထားရသူများကို ထိုင်းဥပဒေအရ စံခလဘူရီမြို့နယ် ရဲစခန်းသို့ ပို့ ဆောင် ပြီး လူဝင်မှုကြီးကြပ်ရေး ( လဝက ) အချုပ်မှ တဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ် ကြောင်း သိ ရသည်။

ထိုင်း မြန်မာနယ်စပ်တွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ယခု ဧပြီလအတွင်း အဖမ်း အဆီး သတင်း များကို ထိုင်းသတင်းနှင့် ထိုင်းလူမှုကွန်ယက် စာမျက်နှာတို့တွင် မကြာခဏ တွေ့မြင် လာရသည်။

ဖမ်းဆီးမှု လူဦးရေ စာရင်းကို အတိအကျ မပြောနိုင်ပေမယ့် ထိုင်း မြန်မာနယ်စပ် ကန်ချနဘူရီမြို့နှင့် မဲဆောက်မြို့ တို့တွင် ယခု ဧပြီလ အတွင်း ၇ ကြိမ်ခန့် ဖမ်းဆီးခံရသည်ဟု ကြားသိရပြီး လူဦးရေး ၂၀၀ ခန့်ရှိကြောင်း ထိုင်း နိုင်ငံ တောင် ပိုင်းအခြေ စိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ( FED ) အဖွဲ့မှ အလုပ်သမား အရေး တာဝန်ခံ ဦးမင်းဦးက မဇ္ဈိမကို ပြောသည်။ 

ယခု စာရင်းသည် ထိုင်းသတင်းများမှ ထုတ်ပြန်ထားသော စာရင်းမဟုတ်ပဲ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှ တဆင့် FED သို့ ဆက်သွယ်လာသဖြင့် သိရှိရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ကိုမင်းဦးက “အဓိကတော့ နိုင်ငံရေးရော ကိုဗစ်ရော အဲဒါတွေကြောင့် လုပ်ကိုင်စားသောက်ရတာ အခက်အခဲ ဖြစ် တဲ့ အခါကျ တော့ လူတွေက ထွက်ခွာနေကြရတယ်။ ဘယ်လိုခေါ်မလဲ ဖြစ်ချင်ရာ ဖြစ်ပေါ့နော် ပွဲစားခပေးပြီး တော့ ထွက်နေ ကြတယ်။ မိတဲ့လူတွေလည်း ရှိတယ် လွတ်တဲ့လူတွေလည်း အများကြီးရှိတယ်”ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly