ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ အစီရင်ခံစာသည် တရုတ် ကျေနပ်စေရေးကိုသာ အဓိကထားကြောင်း အမေရိကန်အရာရှိဟောင်း ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-၁၉ အစီရင်ခံစာသည် တရုတ် ကျေနပ်စေရေးကိုသာ အဓိကထားကြောင်း အမေရိကန်အရာရှိဟောင်း ပြောကြား

မကြာသေးမီက ထုတ်ပြန်လိုက်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်သည့် အစီရင်ခံစာသည် တရုတ်နိုင်ငံ စိတ်ကျေနပ်စေရေးကိုသာ အဓိကထားကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ၏ လက်နက်ပြန့်ပွားမှု တန်ပြန်ကာကွယ်ရေးနှင့် ဇီဝရောဂါကာကွယ်တားဆီးရေးဌာန၏ အကြီးတန်း ညွှန်ကြားရေးမှုးဟောင်းက ပြောကြားလိုက်သည်။

ဒီမိုကရက်တစ် ကာကွယ်ရေးဖောင်ဒေးရှင်းတွင် လက်ရှိအကြီးတန်းအရာရှိအဖြစ် လုပ်ကိုင်နေသော အန်တိုနီရုဂျီရိုက "ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်များသည် ဝူဟန်အင်စတီကျူ့၏လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးခြင်းမပြုခဲ့ဘဲ၊ ၎င်းတို့အား ပြောကြားခဲ့သည့် အကြောင်းအရာများကိုသာ ယုံကြည်ခဲ့ကြကြောင်း National Interest မဂ္ဂဇင်း၏ သဘောထားအမြင်ကဏ္ဍတွင် ရေးသားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဖွဲ့ဝင် ပီတာဒက်စ်ဇက်ခ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် တရုတ်နိုင်ငံသည် ဗိုင်းရပ်စ်ပိုး၏ မူလအစကို ဖုံးကွယ်ထားခြင်းရှိမရှိကို အာရုံမစိုက်နိုင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

၂၀၁၉ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော နာမကျန်းမှုနှင့် ဆင်တူသည့် ရောဂါများဖြစ်ပွားသူ ၇၆၂၅၃ ယောက်ရှိခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ တရုတ်အစိုးရက ရောဂါဖြစ်ပွားမှု ၉၂ ခု သာရှိခဲ့ကြောင်း သတင်းအချက်လက်များပေးခဲ့သည်။

“ဝူဟန်တွင် နှစ်စဉ်သွေးလှူဒါန်းမှု နှစ်သိန်းခန့်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအစောပိုင်းထက် ဗိုင်းရပ်စ် ပျံ့နှံ့နေသည့် လက္ခဏာများစမ်းသပ်စစ်ဆေးနိုင်သည့် ၂၀၁၉ ခုနှစ် သွေးနမူနာများကို တရုတ်က စစ်ဆေးခွင့်မပြုခဲ့ကြောင်း" အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကူးစက်ရောဂါ နောက်တစ်ကြိမ် မဖြစ်ပွားစေရန် အမှန်တကယ် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း သူက ပြောကြားခဲ့သည်။

"ဒါပေမယ့် တရုတ်အစိုးရက ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဝူဟန်ဓာတ်ခွဲခန်းကို မှုခင်းဆေးပညာဆိုင်ရာအရ စုံစမ်းစစ်ဆေးဖို့ကို သဘောတူဖို့ လိုအပ်ပါတယ်"

WHO ကို ဆက်လက်ဖိအားပေးမှုများသည် စစ်မှန်သောစုံစမ်းစစ်ဆေးမှုကို ဖြစ်ပေါ်စေနိုင်သော်လည်း အမေရိကန်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အသုံးပြု၍ စုံစမ်းစစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

“တရုတ်က ဒီအားထုတ်မှုကို ဗီတိုအာဏာသုံးပြီး ပယ်ချလျှင်တောင်မှ ကျွန်တော်တို့အတွက် အခြေအနေတွေက သည့်ထက်ပိုဆိုးဖို့ မရှိတော့ပါဘူး” ဟု သူက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly