ရေဒီယိုသတ္တိကြွပစ္စည်းကို တွေ့ရှိပြီးနောက် တရုတ်သင်္ဘောကို ဟမ်ဘန်တိုတာဆိပ်ကမ်းမှ ထွက်ခွာရန် သီရိလင်္ကာ တောင်းဆို

ရေဒီယိုသတ္တိကြွပစ္စည်းကို တွေ့ရှိပြီးနောက် တရုတ်သင်္ဘောကို ဟမ်ဘန်တိုတာဆိပ်ကမ်းမှ ထွက်ခွာရန် သီရိလင်္ကာ တောင်းဆို

ရေဒီယိုသတ္တိကြွပစ္စည်းသယ်ဆောင်လာသည်ကို တွေ့ရှိသောကြောင့် တရုတ်သင်္ဘောကို ဟမ်ဘန်တိုတာ၏ တောင်ပိုင်းဆိပ်ကမ်းမှ ထွက်ခွာရန် သီရိလင်္ကာက တောင်းဆိုခဲ့ကြောင်း အရာရှိများက ဧပြီလ ၂၁ရက်တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာအနျူမြူစွမ်းအင်အာဏာပိုင်အဖွဲ့(SLAEA) ၏ ထိပ်တန်းအရာရှိ အေနယ်ရန်ဂျစ်က ယင်းသင်္ဘော သည် ရိုတာဒန်ဆိပ်ကမ်းမှ တရုတ်ပြည်သို့အသွားတွင် နည်းပညာဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ဟမ်ဘန်တိုတာဆိပ်ကမ်းသို့ ဆိုက်ကပ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်္ဘောက ဆိပ်ကမ်းသို့ ဆိုက်ကပ်စဉ် ရေဒီယိုသတ္တိကြွပစ္စည်းကို ပါဝင်ကြောင်း သတင်းပို့ ရန် ပျက်ကွက်ခဲ့ကြောင်း SLAEA က ပြောကြားခဲ့သည်။

ယင်းသင်္ဘောကို China Merchants Port Holding ကုမ္ပဏီမှ စီမံခန့်ခွဲသည်။

ဟမ်ဘန်တိုတာ ဆိပ်ကမ်းလုံခြုံရေးအား တာဝန်ယူစောင့်ကြပ်ရသည့် သီရိလင်္ကာရေတပ်အနေဖြင့် သင်္ဘောအား စစ်ဆေးရန် ခွင့်ပြုချက်မရခဲ့ကြောင်း အဓိကအတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ပါလီမန်တွင် ပြောကြားခဲ့သည်။

ဆိပ်ကမ်းသို့ ဝင်ကပ်ခွင့်ပြုရန် ဆိပ်ကမ်းအာဏာပိုင်ထံမှ ခွင့်ပြုချက်တောင်းခံသည့်အခါ ယင်းသင်္ဘော၏ ဒေသခံ အေးဂျင့်သည် သင်္ဘောပေါ်တွင် အန္တရာယ်ရှိသော ကုန်ပစ္စည်းများရှိနေကြောင်းကို အကြောင်းကြားခြင်း မရှိခဲ့ ပေ။

ရေဒီယိုသတ္တိကြွပစ္စည်းများကို သယ်ဆောင်သည့် စီးပွားရေး လုပ်ငန်းသုံးသင်္ဘောဖြစ်ပြီး ယင်းပစ္စည်းသည် နျူကလီးယားစွမ်းအင်သုံးစက်ရုံများအတွက် လောင်စာအဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု ရန်ဂျစ်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required