မိုဟာမက်ကို စော်ကားခြင်းသည် Holocaust ကို ငြင်းဆန်ခြင်းနှင့်တူကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား

မိုဟာမက်ကို စော်ကားခြင်းသည် Holocaust ကို ငြင်းဆန်ခြင်းနှင့်တူကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ပြောကြား

တမန်တော် မိုဟာမက်အား စော်ကားသူများကို ဂျူးနှင့် နာဇီအရေအတွက် သန်းနှင့်ချီ၍ သတ်ဖြတ်ခံခဲ့ရသော Holocaust ဖြစ်ရပ်အား ငြင်းဆန်သူများကဲ့သို့ပင် အနောက်နိုင်ငံ အစိုးရများက သတ်မှတ် သင့်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန်းက ဧပြီ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

မိုဟာမက်၏ ကာတွန်းများအား ဖော်ပြခဲ့သည့် မဂ္ဂဇင်းကို ထောက်ခံသည့် ပြင်သစ်အစိုးရအား မကျေနပ်ဖြစ်နေသည့် အစ္စလာမ်ဝါဒီ အခြေခံပါတီကဆူပူ ဆန္ဒပြမှုများ တစ်ပတ်ကြာ လုပ် ဆောင်ခဲ့ပြီးနောက် တမန်တော်အား စော်ကားခြင်းသည် ကမ္ဘာပေါ်ရှိ မွတ်ဆလင်များကိုထိခိုက်စေကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ခန်းက ပြောကြားသည်။

“ကျုပ်တို့ မွတ်ဆလင်တွေက ကျုပ်တို့ရဲ့တမာန်တော်ကို အလွန် ချစ်ခင်ရိုသေတယ်” ဟု သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။

“မလေးမစားလုပ်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း အားလုံးကို ကျုပ်တို့ သည်းမခံနိုင်ဘူး”

ရဲ ၄ ဦး သေဆုံးခဲ့သည့် ဆူပူ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ပြီးနောက် Tehreek-e-Labbaik Pakistan (TLP) အုပ်စုကို ဧပြီ ၂၂ ရက်က ပိတ်ပင်ခဲ့သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အဆိုပါ ကာတွန်းများ ဖော်ပြနေခြင်းအား ကာကွယ်ပြောဆိုနေခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ပြင်သစ်သံအမတ်ကြီး နိုင်ငံတွင်းမှ ထွက်ခွာသွားရန် လနှင့်ချီ၍ တောင်းဆိုမှုများကို စီမံလုပ်ဆောင်ခဲ့သည်။

ပြင်သစ်နိုင်ငံသားများအနေဖြင့် ပါကစ္စတန်နိုင်ငံတွင်းမှ ထွက်ခွာကြရန် အစ္စလာမ်ဘတ်မြို့ရှိ ပြင်သစ်သံရုံးက ကြေညာခဲ့သော်လည်း လိုက်နာဖွယ်မရှိပေ။

“တမာန်တော် မိုဟာမက်ကို စော်ကားခြင်းအားဖြင့် မွတ်ဆလင်တွေအပေါ် မုန်းတီးမှုတွေကို ဖြန့်ဝေနေသူတွေကို Holocaust နဲ့ ပတ်သက်လို့ မကောင်းတဲ့ မှတ်ချက်ပေးတာကြောင့် ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးသလို ပေးဖို့ အနောက်နိုင်ငံတွေကို တောင်းဆိုပါတယ်” ဟု ခန်းက သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။

ဂျာမနီ၊ ပြင်သစ်အပါအဝင် ဥရောပတိုက်နိုင်ငံအများအပြားတွင် Holocaust ဖြစ်ရပ်အား ငြင်းဆန်မှုသည် ဥပဒေ ချိုးဖောက်ခြင်း ဖြစ်ကာ ထောင်ဒဏ် ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required