အာဖဂန်တွင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် တာလီဘန် စစ်သွေးကြွ ၂၂ ဦး သေဆုံး

By The Frontier Post
23 April 2021
အာဖဂန်တွင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် တာလီဘန် စစ်သွေးကြွ ၂၂ ဦး သေဆုံး

ကဘူး

အာဖဂန်နစ္စတန်နိုင်ငံ၊ နင်ရောဇ် ပြည်နယ်ရှိ ခရိုင်၂ ခုတွင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် တာလီဘန် သူပုန်၂၂ ဦး သေဆုံးခဲ့သည်။

ခါရွယွတ်နှင့် ဒီလာရမ် ခရိုင်များရှိ တာလီဘန်စခန်းများအား တိုက်ခိုက်ခဲ့ရာတွင် တာလီဘန်တို့၏ လက်နက်ခဲယမ်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဒုတိယ ပြောခွင့်ရအရာရှိ ဖာဝက်ဒ် အေမန်က သတင်းဌာနသို့ ပြောကြားသည်။

ပဝမ်ရဲတပ်ဖွဲ့ကလည်း အဆိုပါခရိုင်တွင် တာလီဘန်အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly