ပါကစ္စတန်ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် ၂နှစ်အရွယ် မိန်းကလေး အိန္ဒိယတွင် ခွဲစိတ်ကုသမှုခံယူ

By India Blooms News Service
23 April 2021
ပါကစ္စတန်ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် ၂နှစ်အရွယ် မိန်းကလေး အိန္ဒိယတွင် ခွဲစိတ်ကုသမှုခံယူ

ဒူဘိုင်း

ပါကစ္စတန်နိုင်ငံ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားသည့် အာရပ်စော်ဘွားများနိုင်ငံမှ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အိန္ဒိယနိုင်ငံတောင်ပိုင်းကာရာလာပြည်နယ်တွင် ရိုးတွင်းချဉ်ဆီ အစားထိုးလဲလှယ်မှု တစ်ခုကို မကြာသေးမီက ပြုလုပ်လိုက်သည်။

ကူဆန်အမည်ရှိ အဆိုပါ မိန်းကလေးသည် အာဖဂန်နစ္စတန်နိုင်ငံမှဖြစ်ပြီး ပါကစ္စတန်နိုင်ငံ ပတ်စ်ပို့ကိုင်ဆောင်ထားသော်လည်း အာရပ်စော်ဘွားများနိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်သည်။ ၎င်းသည် ကာလီကွတ်မြို့ရှိ Aster MIMS ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

ကူဆန်ကဲ့သို့ ငယ်ရွယ်သည့် ကလေးတစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် ရိုးတွင်းချဉ်ဆီကို အောင်မြင်စွာ အစားထိုးလဲလှယ်ပေးခဲ့ခြင်းဖြစ်ကြောင်း Khaleej Times သတင်းစာတွင် ဖော်ပြထားသည်။

ကလေးငယ်သည် မွေးရာပါ ရိုးတွင်း သွေးကင်ဆာတစ်မျိုးကို ခံစားနေရခြင်းဖြစ်သည်။

“ကာရာလာမှာ နိုင်ငံခြားသားတွေ ဆေးဝါးကုသမှု ခံယူလေ့ရှိပါတယ်။ ဒါပေမယ့် အခုလို အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ကာရာလာရဲ့ဆေးဝါးကုသမှုအပေါ် ကမ္ဘာက အာရုံစိုက်လာတာ ထူးခြားတဲ့ နမူနာတစ်ခုပါ”ဟု Aster DM ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဒေါက်တာ အာဇက်မိုပန်က Khaleej Times သို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required