မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၂၃ ရက်၊ ၂၀၂၁)  

23 April 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၂၃ ရက်၊ ၂၀၂၁)  

အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ အာဆီယံ အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်တပ်ကို အသိအမှတ်မပြုဖို့နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ဦးဆောင်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကိုသာ အသိအမှတ်ပြုဖို့ NUG ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက တိုက်တွန်း ပြောဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လက်ရှိထက် ပိုပြီးကျယ်ပျံ့တဲ့၊ အားလုံးပါဝင်တဲ့ စုဖွဲ့မှုဖြစ်လာဖို့ အလားအလာ အင်မတန်ကောင်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ဗွီအိုအေနဲ့ သီးခြားဆက်သွယ်မေးမြန်းခန်းမှာ ပြောသွားပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း ဧပြီလ ၂၃ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly