မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၂၂ ရက်၊ ၂၀၂၁)  

22 April 2021
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၂၂ ရက်၊ ၂၀၂၁)  

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ အစည်းအဝေးက ထွက်ပေါ်လာမယ့် ရလဒ်ကို လုံခြုံရေးကောင်စီက စိတ်အားထက်ထက်သန်သန် စောင့်မျှော်နေပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda-Thomas Greenfield က ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာချုပ်ကိုင် လွှမ်းမိုးထားတဲ့စနစ်  ကွယ်ပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ဆိုရင် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို သုံးပြီး လှုပ်ရှား တွန်းလှန်သွားမှာ ဖြစ်တယ်လို့ မန္တလေးမြို့က ထင်ရှားတဲ့ သပိတ်ခေါင်းဆောင်ဖြစ်သူ ကိုတေဇာဆန်းက VOA နဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကိုလည်း ဧပြီလ ၂၂ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly