ပါကစ္စတန်၌ နိုင်ငံခြားသားများ ပြန်ပေးဆွဲခံရမှုကြောင့် တရားစွဲခံရသူများတွင် ရဲ ၂ဦး ပါဝင် 

By Zee 5
21 April 2021
ပါကစ္စတန်၌ နိုင်ငံခြားသားများ ပြန်ပေးဆွဲခံရမှုကြောင့် တရားစွဲခံရသူများတွင် ရဲ ၂ဦး ပါဝင် 

ဧပြီ ၂၁

နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုများနှင့် ပတ်သက်သည့်  နိုင်ဂျီးရီးယားနိုင်ငံသားသုံးဦး အား ပြန်ပေးဆွဲ ငွေတောင်းသူများကို ကူညီခဲ့သည့် တရားစွဲခံရသူ ၇ ဦးတွင် ရဲ ၂ ဦး ပါဝင်ကြောင်း Dawn သတင်းဌာနက ဖော်ပြခဲ့သည်။ 

အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့သည် နိုင်ငံခြားသားများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးရောင်းဝယ်မှုအတွက် ငွေပေးချေမှုရာတွင် ဓားစာခံ အဖြစ်ထားခြင်း စွပ်စွဲချက်ဖြင့် နိုင်ငံခြားသား ၃ ဦး ကိုပြန်ပေးဆွဲမှုအတွက် ၎င်းတို့ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။  

သီးခြား ချုပ်နှောင်ထားရာမှ ပြန်လည်လွတ်မြောက်လာသော နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ဂျီးရီးယားကောင်စစ်ဝန်ထံ လွှဲပြောင်းပေးရမည့်အစား ၎င်းတို့ကို အခြားသူများထံသို့ ပြန်လည်ပေးအပ်ခဲ့ပြီး ရူပီး ၇ သန်း လက်ခံရယူခဲ့သဖြင့် လက်ထောက် စစ်ဆေးရေးမှုး မိုဟာမက် အလီ နိုင်ဇီနှင့် စုံစမ်းရေးမှုး ဝက်ဆမ်အဘရိုကို ဖမ်းဆီး အရေးယူခဲ့သည်။ 

ယင်းအမှုအား  ၂၀၂၀ ပြည့်နှစ်တွင် ကရာချိမြို့၌ နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦး ကို ဓားစားခံအဖြစ်ပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားရုံးများ၏ အုပ်ချုပ်ရေးဆိုင်ရာတရားသူကြီးထံတင်ပြသည့် စုံစမ်းစစ်ဆေးမှုတွင် ဖော်ထုတ်နိုင်ခဲ့သည်။

DHA အဆင့် -၇ ရှိ နုဇရပ်ဒေသရှိ ဘန်ဂလိုသီးသန့်အချုပ်ခန်းတွင် နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦးဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ 

ထုတ်ဖော်ဝန်ခံချက်များတွင် နိုင်ငံခြားသားများက ၎င်းတို့အားပြန်ပေးဆွဲငွေတောင်းခံသည့် သံသယရှိသူများ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ 

စစ်ဆေးရေးမှုး နိုင်ဇီ နှင့် စုံစမ်းရေးမှုး အဘရို တို့သည် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို နိုင်ဂျီးရီးယားကောင်စစ်ဝန်ထံ လွှဲပြောင်းပေးရမည့်အစား သူတို့ကို ပုဂ္ဂလိကသံသယရှိခြင်းခံရသူများထံသို့ ပြန်လည်ပေးခဲ့ပြီး ဒိုဒါရာဒေသရှိစားသောက်ဆိုင်တစ်ခုတွင် ရူပီး ၇ သန်း လက်ခံရရှိခဲ့သည်ဟု ရဲအမှုတွဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly