စာကြည့်တိုက်များတွင် အနောက်နိုင်ငံများကို အထင်ကြီးစေသည့်အရာများအား တရုတ်အစိုးရက ဖယ်ရှား

စာကြည့်တိုက်များတွင် အနောက်နိုင်ငံများကို အထင်ကြီးစေသည့်အရာများအား တရုတ်အစိုးရက ဖယ်ရှား

ဧပြီ ၂၁

မျိုးချစ်စိတ် တိုးတက်စေရေးအတွက် အနောက်နိုင်ငံများကို လေးစားစေသည့်အရာများအား အခြေခံနှင့် အလယ်တန်းကျောင်းများရှိ စာကြည့်တိုက်များမှ ဖယ်ရှားရန် တရုတ်အစိုးရက အမိန့်ထုတ်ပြန်ထားသည်။ 

ပညာရေး ဝန်ကြီးဌာန၏ ယင်းအမိန့်ဥပဒေသည် ဧပြီ ၁ ရက်မှစတင်ခဲ့သည်။

မူလတန်း၊အလယ်တန်းနှင့် အထက်တန်းကျောင်းများအနေဖြင့် ‘ခေတ်သစ်အတွက် တရုတ်ဝိသေသလက္ခဏာနှင့် ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်၏ အတွေးအခေါ်’ ကို အဓိက ထားရဖွယ် ရှိနေသည်။

သမ္မတ ရှီ၏ မိန့်ခွန်းများနှင့် စာရွက်စာတမ်းများကို စုစည်းဖော်ပြထားသည့် ‘တရုတ်နိုင်ငံတော် ခမ်းနား သစ်လွင်စေရေး ရည်မှန်းချက်’ (The Chinese Dream of the Great Rejuvenation of the Chinese Nation) ကဲ့သို့ စာအုပ်များကို မကြာသေးမီက ပေကျင်းမြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် မကြာသေးမီက ထားရှိခဲ့သည်။ 

ယခုအမိန့်သည် မူကြိုကလေးများအပါအဝင် မူလတန်းနှင့် အလယ်တန်းကျောင်းသား သန်း ၂၄၀ အားသက်ရောက်မှု ရှိစေမည်ဖြစ်သည်။ 

တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သည့်  နှစ် ၁၀၀ ပြည့် ဖြစ်သော ဇူလိုင် ၁ ရက်မတိုင်မီတွင် လူငယ်များအကြား သမ္မတရှီအပေါ် သစ္စာခံမှုနှင့် ယုံကြည်မှု မြင့်တက်လာစေရန် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်။

ပါတီ၏ အစီအစဉ်၊ မူဝါဒများကို ဆန့်ကျင်သည့် စာအုပ်များကို ဖယ်ရှားသွားမည်ဖြစ်ကာ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံများနှင့် ဂျပန်တို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အတွေးအခေါ်များ ပါဝင်သည့် အကြောင်းအရာများကိုလည်း တားမြစ်သွားမည်ဖြစ်သည်။

ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းပုံမှ ပထမဆုံးအပိုဒ်တွင် “အမြင့်ဆုံးရည်ရွယ်ချက်နှင့် အန္တိမရည်မှန်းမှာ ကွန်မြူနစ်ဝါဒအား ထူထောင်ရေး ဖြစ်သည်” ဟု ဖော်ပြထားသည်။ ယခုအချိန်အထိ ကျောင်းများတွင် ဘီလ်ဂိတ်နှင့် စတိဗ်ဂျော့တို့၏ စာအုပ်များကို ထားရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required