MIC ဖူဆယ်အသင်း မလေးရှားကလပ်နှင့် သရေကျကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရ

MIC ဖူဆယ်အသင်း မလေးရှားကလပ်နှင့် သရေကျကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
MIC အသင်းနှင့် မလေးရှားကလပ်တို့ ပွဲကစားခင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - SMMSPORT)

နိုဝင်ဘာ ၂၆၊ ရန်ကုန်။               ။ ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဝင်ပြိုင်နေသော MIC အသင်းသည် အုပ်စုတတိယပွဲစဉ်တွင် မလေးရှားကလပ် Felda United အသင်းနှင့် သရေကျခဲ့သောကြောင့် အုပ်စုအဆင့်ဖြင့် ထွက်ခဲ့ရသည်။

အုပ်စုအဖွင့်ပွဲတွင် ဗီယက်နမ်ကလပ် SANNA KHANH နှင့် တစ်ဖက်တစ်ဂိုးစီ သရေကျထားပြီး ဒုတိယပွဲစဉ်တွင် ထိုင်းကလပ် ThaiPort အသင်းကို ရှုံးနိမ့်ထားသည်။ ထို့ပြင် အုပ်စုတတိယပွဲစဉ်တွင် Felda United အသင်းကို ၂-၂ ဂိုးစီဖြင့် ထပ်မံသရေ ကျခဲ့သောကြောင့် အုပ်စုအဆင့်မှ နောက်တစ်ဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။

အုပ်စုသုံးပွဲကစားပြီးချိန်တွင် MIC အသင်းသည် နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် နှစ်မှတ်သာ ရရှိထားသောကြောင့် လက်ကျန်အုပ်စုနောက်ဆုံးပွဲကစားခင်မှာပင် အုပ်စုအဆင့်မှ ထွက်ရခြင်းဖြစ်သည်။ MIC

အသင်းနှင့်ပွဲတွင် သရေတစ်မှတ်ရရှိအောင် ကစားခဲ့သည့် မလေးရှားကလပ် Felda United အသင်းမှာ နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် ခုနစ်မှတ်ရရှိကာ အုပ်စုအဆင့်မှ နောက်တစ်ဆင့်သို့ တက်ရောက် သွားခဲ့သည်။

MIC အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြစတြေးလျကလပ် East Coast Heat အသင်းနှင့်ပွဲတွင် အနိုင်ရခဲ့လျှင် လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ ThaiPort အသင်း၊ Felda United အသင်းတို့နှင့် ရမှတ်ကွာဟချက် ကြီးမားခဲ့သဖြင့် အုပ်စုမှ ထွက်ရခြင်းဖြစ်သည်။

မလေးရှားကလပ် Felda United အသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ThaiPort အသင်းနှင့် ကစားရန် ကျန်ရှိနေသည်။ MIC အသင်းနှင့်အတူ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်   ဘောလုံးပြိုင်ပွဲတွင်  မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ပြိုင်နေသော ACE မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းမှာလည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly