နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ မြူဇီယမ်ပလိမ်းမှာ ဧပြီလ ၁၇ ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ အချိန်ခန့်က ပြည်ပရောက်မြန်မာများက အကြမ်းဖက်စစ်ကောင်စီကို ဆန္ဒပြခဲ့ကြသည်။ 
" မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် ပြည်သူအားလုံးနှင့်တစ်သားတည်း ရပ်တည်ကြောင်းပြသရန် ၊ မြန်မာနိုင်ငံမှာ လက်ရှိဘာတွေဖြစ်နေလဲ၊သူတို့အနေနဲ့ဘာတွေ ဘယ်လိုကူညီနိုင်လဲ စတာတွေကို နယ်သာလန်နိုင်ငံသားများ ပိုမိုသတိထားရှိလာစေ တွန်းအားပေးမှုများဖြစ်ပေါ်လာစေဖို့ " ဟု ဆန္ဒပြသူများက မဇ္ဈိမကိုပြောသည်။ 
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန်၊ အာဏာသိမ်းစစ်တပ်၏ ရက်စက်မှုများချက်ခြင်းရပ်တန့်စေရန် နှင့် ကျူးလွန်ထားသူများကို ထိရောက်စွာ အရေးယူပေးနိုင်ရန် နိုင်ငံတကာမှ ချက်ခြင်း ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ရန် စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။ 
ရိုက်ကူး - ကိုထင်လင်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly