ဂျာနယ်လစ်တစ်ဦးကို ခြိမ်းခြောက်မှုကြောင့် ဆွီဒင်ရှိ တရုတ်သံအမတ် ပြင်းထန်စွာ ဝေဖန်ခံရ

ဂျာနယ်လစ်တစ်ဦးကို ခြိမ်းခြောက်မှုကြောင့် ဆွီဒင်ရှိ တရုတ်သံအမတ် ပြင်းထန်စွာ ဝေဖန်ခံရ

ဆွီဒင်

ရှင်ကျန်းဒေသအရေး အဓိကပါဝင်သည့် တရုတ်အစိုးရ၏ မူဝါဒများအပေါ် ရေးသားမှုကြောင့် ကနေဒါ ဂျာနယ်လစ်တစ်ဦးထံ ခြိမ်းခြောက်သည့် အီးမေးလ်များပို့ခဲ့သော ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကျီကောင်ယုသည် ပြင်းထန်သည့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

Euronews ၏ ဖော်ပြချက်အရ အဆိုပါ တရုတ်သံအမတ်ကို နိုင်ငံအတွင်းမှ နှင်ထုတ်ရန် ဆွီဒင်နိုင်ငံရေးသမားများက တောင်းဆိုနေကြကြောင်း Euronews က ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရုတ်သံရုံးမှ အီးမေးလ်တစ်စောင် ရရှိခဲ့ကြောင်း Expressen သတင်းစာအတွက် ရေးသားသူ အလွတ်တန်း ဂျာနယ်လစ် ယိုရေးအော့ဆန်က ပြောကြားခဲ့သည်။

အဆိုပါ အီးမေးလ်တွင် အော့ဆန်အနေဖြင့် ကိုယ်ကျင့်တရား ပျက်ပြားနေကြောင်း၊ တရုတ်အစိုးရအား ဝေဖန်ရေးသားမှုကို မရပ်တန့်ပါက ယင်းလုပ်ရပ်များအတွက် နောက်ဆက်တွဲရလဒ်များ ကြုံတွေ့ရမည်ဟု ဖော်ပြထားကြောင်း Euronews သတင်းတွင် ပါရှိသည်။

ရှင်ကျန်းကိစ္စအပါအဝင် တရုတ်အစိုးရ၏ မူဝါဒများကို ဝေဖန်ရေးသားသည့် ဆောင်းပါးများကြောင့် ဆွီဒင်နိုင်ငံရှိ တရုတ်သံရုံးက အော့ဆန်ထံသို့ ခြိမ်းခြောက်သည့် အီးမေးလ် ၄ စောင် ပို့ခဲ့ကြောင်း Taiwan News သတင်းဌာနက ဖော်ပြသည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်လင်ဒေးက ကျီ၏ လုပ်ဆောင်ချက်အပေါ် လုံးဝလက်မခံကြောင်း ပြောကြားခဲ့သော်လည်း ၎င်းအား နိုင်ငံတွင်းမှ နှင်ထုတ်မည်မဟုတ်ဟု ဆိုခဲ့သည်။

သို့သော် စတော့ဟုမ်းရှိ ဆွီဒင်သံရုံးက စွပ်စွဲချက်များအပေါ် ငြင်းဆိုခဲ့ပြီး နိုင်ငံရေးသမားများအနေဖြင့် မှားယွင်းသည့် မှတ်ချက်ပေးခြင်းများအပေါ် ပြစ်တင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

“တရုတ်နိုင်ငံဟာ ကျင့်ဝတ်နားလည်ပြီး ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အပြန်အလှန် လေးစားမှုကိုလည်း နားလည်ယုံကြည်ပါတယ်။ တစ်ယောက်က လေးစားမှသာ ပြန်ပြီးလေးစားခံရမှာပါ။ သူတစ်ပါးကို နှင်းဆီပန်း ပေးတဲ့သူက ပန်းရနံ့ကို အရင်ရမှာဖြစ်သလို တစ်စုံတစ်ယောက်ကို ရွံ့နဲ့ ပစ်ပေါက်သူဟာ သူ့လက်ကို ရွှံ့အရင် ပေမှာပါ”ဟု တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly