ဟောင်ကောင်သားများအား ပိုမိုကူညီရန် လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့က ကနေဒါကို တိုက်တွန်း

ဟောင်ကောင်သားများအား ပိုမိုကူညီရန် လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့က ကနေဒါကို တိုက်တွန်း

ဧပြီ ၁၃

ယန်က သူ၏ ဇာတိဟောင်ကောင်သည် လုံခြုံမှုမရှိဟု ပြောကြားခဲ့သည်။ ထို့ကြောင့် မကြာသေးမီက တိုရွန်တိုတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး ယခုအခါဒေသခံ ကျန်းမာရေး စောင့်ရှောက်မှု နည်းပညာကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၂၂ နှစ် အရွယ်ရှိပြီဖြစ်သည့် ယန်က ကနေဒါကို သူ၏ အမြဲတမ်းနေအိမ်ဖြစ်ရန် မျှော်လင့်နေသည်။

လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်သောကြောင့် သူ၏နောက်ဆုံးအမည်ကိုသာ ဖော်ပြခွင့်ပေးခဲ့သည့် ယန်က နိုင်ငံရေးအရ မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် အတိုက်အခံများအားနှိမ်နင်းခြင်းတို့ကြောင့် အမြန်ဆုံး အကောင်ထည်ဖော်သည့် အစီအစဉ်သစ်ကို စတင်တင်ချင်း ကနေဒါတွင် အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားရန်အတွက် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

 “ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားဖို့က အခုအချိန်မှာ ကျွန်တော့်ရဲ့ ပထမ ဦးစားပေးအလုပ်ပါပဲ” ဟု သူက အယ်လ်ဂျာဇီးရားသို့ ပြောကြားခဲ့သည်။

ကနေဒါအစိုးရက နိုဝင်ဘာလတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်ကို ကြေညာပြီး ဟောင်ကောင်ပြည်သူများ ကနေဒါတွင် ကျောင်းတက်ရန်နှင့် အလုပ်လုပ်ရန်အတွက် ဆွဲဆောင်ကာ ကနေဒါသို့ ရောက်ရှိနေသူများအတွက် အမြဲတမ်းနေထိုင်ခွင့်ရရှိစေမည့် နည်းလမ်းကိုလည်း တိုးချဲ့ပေးခဲ့သည်။

ဟောင်ကောင်သားများအတွက် အလုပ်ပါမစ်ကို ခွင့်ပြုကြောင်း ဖေဖောဝါရီလ ၈ ရက်တွင် ကနေဒါက တရားဝင်ကြေညာခဲ့ပြီး ကနေဒါတွင် နေထိုင်သူများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ 

သို့သော်အမြဲတမ်းနေထိုင်ခွင့်လမ်းကြောင်းသစ်ကိုမူ ယခုနှစ်နှစ်ကုန်ပိုင်းမှသာစတင်မည်ဟု ကနေဒါအစိုးရက ပြောကြားထားခြင်းကြောင့် ဟောင်ကောင်သားများ အထူးသဖြင့် ခိုလှုံခွင့်တောင်းခံသူများအတွက် ပိုမိုလွယ်ကူပြီး လက်လှမ်းမီသည့် အစီအစဉ်များလိုအပ်သည်ကြောင်း ပြောကြားနေသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများက စိုးရိမ်ပူပန်နေသည်။ 

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ခွဲထွက်ရန်ခြိမ်းခြောက်မှုများနှင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကို ကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဟု တရုတ်က ဆိုပြီး ပြီးခဲ့သည့်နှစ်က ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ဥပဒေကို တရုတ်က ပြဋ္ဌာန်းခဲ့သည်။ 

ယင်းလုပ်ရပ်ကြောင့် ကျယ်ပြန့်သည့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး အခွင့်အရေးအုပ်စုများက ဟောင်ကောင်တွင် လွတ်လပ်ခွင့်များပိုမိုရရှိရေးကိုတောင်းဆိုနေသည့် ဆန္ဒပြမှုကို ဖြိုခွဲရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။  

ကနေဒါလူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားဖြစ်ရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ကနေဒါအစိုးရက အမျိုးသားလုံခြုံရေးဥပဒေကို စိုးရိမ်ပူနေနေပြီး ငြိမ်းချမ်းစွာဆန္ဒပြခွင့်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

 “ကနေဒါနဲ့ ဟောင်ကောင်တို့ကို စည်းနှောင်မှုက နက်ရှိုင်းပါတယ်။ ဟောင်ကောင် လူငယ်အတော်များများက ပြည်ပကိုထွက်ခွာပြီးနေထိုင်ဖို့ စဉ်းစားတဲ့အခါ ကျွန်တော်တို့က ကနေဒါကို ရွေးချယ်စေချင်ပါတယ်” ဟု အလက်ဇန်းဒါး ကိုဟင်က အီးမေးလ်တစ်ခုတွင် ပြောကြားခဲ့သည်။

"ဒါကြောင့် ဟောင်ကောင်သားတွေ ကနေဒါကိုလာဖို့အတွက် ကျွန်တော်တို့က အားကြိုးမာန်တက်ကူညီဖို့ ကြိုးစားနေခဲ့တာပါ"

သို့သော် လူ့အခွင့်အရေး လှုပ်ရှားသည့်အဖွဲ့ဖြစ်သော Alliance Canada Hong Kong (ACHK) မှ အဲလက်စ်လီက“ [ကနေဒါ] ရဲ့ မူဝါဒအသစ်တွေက တက္ကသိုလ်ပညာတတ်တွေအတွက် ရက်ရက်ရောရောရှိပေမယ့်၊ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟောင်ကောင်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေက နည်းပါတယ်”  ဟု ဆိုသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly