ပုသိမ်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ စစ်တပ်နှင့်ရဲများကညပိုင်းအချိန်အကြောင်းမဲ့ပစ်ခတ်မှုများကြောင့်အမျိုးသားတစ်ဦးထပ်မံကျဆုံး

ပုသိမ်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ စစ်တပ်နှင့်ရဲများကညပိုင်းအချိန်အကြောင်းမဲ့ပစ်ခတ်မှုများကြောင့်အမျိုးသားတစ်ဦးထပ်မံကျဆုံး

မတ် ၂၈

ပုသိမ်မြို့ မတ်လ(၂၇)ရက်နေ့ညပိုင်းအချိန် ဘူတာ၊ပြည်တော်သာ၊ဥမ္မာဒန္တီ နှင့်အခြားရပ်ကွက်နှင့်လမ်းများအတွင်း စစ်တပ်နှင့်ရဲများအကြောင်းမဲ့ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦးကျဆုံးသွားခဲ့သည်ဟုသိရသည်။

၎င်းပစ်ခတ်မှုကြောင့်ဘူတာအောင်သပြေလမ်းတွင်နေထိုင်သူ ကို၀သုန်စိုးဆိုသူ ကျည်ထိမှန်ကျဆုံးခဲ့ပြီး ကျဆုံးသူ၏ညီမဖြစ်သူ မဇာလီနိုင်က ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟုရပ်ကွက်တွင်းနေထိုင်သူများထံမှသိရသည်။

ပုသိမ်မြို့တွင်မတ်လ၂၇ရက်နေ့က မနက်ပိုင်းအချိန်မှစ၍ ညဥ့်နက်ပိုင်းအထိပစ်ခတ်ခဲ့ခြင်းကြောင့်  ၁၆နှစ်အရွယ်အမျိုးသား(၂)ဦးအပါအဝင် စုစုပေါင်း(၄)ဦးကျဆုံးပြီး ညပိုင်းအချိန်ပစ်ခတ်မှုကြောင့်ကျဆုံးသူအလောင်းနှင့် ၎င်း၏ညီမဖြစ်သူတို့အား စစ်တပ်ကားနှင့်တင်ဆောင်ခေါ်ယူသွားပြီးယခုအချိန်ထိအဆက်အသွယ်မရရှိသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly