အိန္ဒိယက ကောက်ယူမည့် အခွန်ပုံစံသစ်ကို တုံ့ပြန်ရန် အမေရိကန်က အဆိုပြုထား

အိန္ဒိယက ကောက်ယူမည့် အခွန်ပုံစံသစ်ကို တုံ့ပြန်ရန် အမေရိကန်က အဆိုပြုထား

မတ် ၂၈

အိန္ဒိယနှင့်အခြားနိုင်ငံများမှဒ စ်ဂျစ်တယ်ဝန်ဆောင်မှုများအပေါ် တန်းညှိအခွန်ကောက်ယူမှု (equalisation levy) အပါအဝင် အခွန်စည်းကြပ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်မည့် အဆိုကို အမေရိကန်ပြည်ထောင်စုက တင်ပြ ထားသည်။
အိန္ဒိယ အစိုးရကလည်း အဆိုပြုချက်ကို လေ့လာပြီး သင့်လျော်သလိုဆောင်ရွက်သွားမည်ဟုဆိုသည်။

 “ အဆိုပြုချက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ဆေးသွားပြီး နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အကျိုးအမြတ်၊  ပြည်သူတွေရဲ့ အကျိုးစီးပွားအားလုံးအတွက် အိန္ဒိယအစိုးရက သင့်တော်သလိုဆောင်ရွက်သွားပါမယ်” ဟု ထုတ်ပြန်ထားသည်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က လုပ်ဆောင်နေသည့်  စုံစမ်းစစ်ဆေးမှုတွင် အီတလီ၊တူရကီ၊ဗြိတိန်၊စပိန်နှင့်သြစတြီးယားနိုင်ငံတို့လည်း ပါဝင်သည်။

ဇန်နဝါရီ၆ရက်နေ့တွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က အိန္ဒိယ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် (DST) နှင့်ပတ်သက်၍ အပိုင်း၃၀၁ စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့ရာတွင် အမေရိကန် ဒစ်ဂျစ်တယ်ကုမ္ပဏီများအား ယင်း၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုနည်းလမ်းများဖြင့် ခွဲခြားဆက်ဆံသည်ဟု ကောက်ချက်ချခဲ့သည်။

တွေ့ရှိချက်များအရ အိန္ဒိယ၏ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်သည် နိုင်ငံတကာအခွန်စည်းကြပ်မှုစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ဘဏ္ဍာငွေထက် ဝင်ငွေပေါ်တွင်လျှောက်ထားမှု၊ အခွန်အတိအကျပေးရန်ပျက်ကွက်မှုနှင့် သက်ဆိုင်ရာနိုင်ငံပြင်ပတွင် အမှုကိစ္စဖြေရှင်းရန် လျှောက်ထားမှုများကြောင့်ဖြစ်သည်။

အိန္ဒိယ၏ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်သည် အမေရိကန်၏စီးပွားရေးလုပ်ငန်းများကို ဝန်ပိစေ၊အကန့်အသတ်ဖြစ်စေသည်။ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က အီတလီ၊တူရကီ၊ဗြိတိန်၊စပိန်နှင့်သြစတြီးယား စသည့်နိုင်ငံများအပေါ ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင်လည်း ယင်းကဲ့သို့ ကောက်ချက်ချခဲ့သည်။

အိန္ဒိယအနေဖြင့် တန်းညှိအခွန်ကောက်ယူခြင်း သည်ခွဲခြားဆက်ဆံခြင်းမဟုတ်ဘဲ၊ အိန္ဒိယတွင် အမြဲတမ်းတည်ရှိနေသောအဖွဲ့အစည်းများမှ ပြုလုပ်သောe-commerce လုပ်ဆောင်မှုများအတွက် တန်းတူအခွင့်အရေးရရှိရန်ကြိုးပမ်းမှုသာ ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့အပြင်  တန်းညှိအခွန် ကောက်ယူခြင်းကို အကျိုးရှိစေရန် ကျင့်သုံးချမှတ်လိုက်ခြင်းဖြစ်ပြီး အိန္ဒိယ နိုင်ငံအတွင်း ဒစ်ဂျစ်တယ်နည်းဖြင့်ရောင်းချမှုကိုသာ အခြေခံခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာနိုင်ငံပြင်ပတွင် အမှုကိစ္စဖြေရှင်းရန် လျှောက်ထားမှုများမရှိကြောင်းလည်း ရှင်းလင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly