တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို တူရကီရှိ ဝီဂါများ ကန့်ကွက်ဆန္ဒပြ

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို တူရကီရှိ ဝီဂါများ ကန့်ကွက်ဆန္ဒပြ

မတ် ၂၇

တူရကီနိုင်ငံတွင် ရောက်ရှိနေသည့် ဝီဂါလူမျိုးများက မြို့တော်အန်ကာရာရှိ တရုတ်သံရုံးအနီးတွင် စုဝေးကာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာရောက်သည့် ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသည်။

မတ်လ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ထင်ရှားသည့် တူရကီအတိုက်အခံခေါင်းဆောင်များက ဝီဂါမိသားစုများနှင့် ပူးပေါင်းခဲ့ကြသည်။ ဝီဂါလူမျိုးများသည် တရုတ်ကွန်မြူနစ်ပါတီ၏ လက်ထဲတွင် နှိပ်စက်မှုများကို ကြုံတွေ့နေရသူများ ဖြစ်သည်။

၎င်းတို့သည် တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသရှိ ဆွေမျိုးများနှင့်လည်း အဆက်အသွယ်လုပ်၍ မရကြောင်း တူရကီရှိ မွတ်စလင် လူနည်းစုများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဆန္ဒပြပွဲသို့ ကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း ပါဝင်သူများအနက် ဒီမိုကရက်ပါတီခေါင်းဆောင် ဂယ်တီကင်ယူရီဆဘ်က “အန်ကာရာမှာ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိကို ပြောချင်တာက ဆိုက်ပရပ်ကိစ္စလို၊ အဇာဘိုင်ဇန်ပြဿနာလိုပဲ အရှေ့အဇာဘိုင်ဇန်ရဲ့ အခွင့်အရေးအတွက် ကြိုးပမ်းရပါမယ်” ဟု ရှင်ကျန်းအား အရှေ့တူရကီအဖြစ် ထည့်သွင်းပြောကြားခဲ့သည်။

ဝီဂါလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေကြောင်း ပြောဆိုနေမှုများကိုလည်း တုံ့ပြန်ဖြေရှင်းရန် ၎င်းက တောင်းဆိုလိုက်သည်။

Future Party မှ အိုဇာဒက်က “ တရုတ်ဆိုတာ နိုင်ငံကြီးပါ။ စီးပွားရေးလည်း အားကောင်းပါတယ်။ နိုင်ငံကြီးဆိုတာ သူရဲ့ အခြေခံဥပဒေကိုလိုက်နာရပါတယ်” ဟု ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly