စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာတွေရှိနေပေမယ့်လည်း အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာတွေက မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေပါတယ်

စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာတွေရှိနေပေမယ့်လည်း အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာတွေက မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေပါတယ်

စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာတွေရှိနေပေမယ့်လည်း အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာတွေက မြန်မာနိုင်ငံအနှံ့အပြားမှာရှိနေပါတယ်။မတ်(၂၅)ရက်မနေ့က မန္တလေးမှာသံဃာတော်တွေ ပါဝင်တဲ့ဘုရားကြီးသပိတ်စစ်ကြောင်း ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂသပိတ်စစ်ကြောင်း၊ အရံမီးသတ် တပ်ဖွဲ့ သပိတ်စစ်ကြောင်း တွေပူးပေါင်းပြီး ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြသလို မန္တလေး စက်မှုဇုန် စုပေါင်းသပိတ်နဲ့ မန္တလေး ပညာရေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီးတော့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြပါတယ်။အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးမှုတွေရှိနေတဲ့ မုံရွာမြို့မှာလည်း အရင်နေ့တွေကထက် များပြားတဲ့အင်အားနဲ့ပြည်သူတွေက လမ်းပေါ်ထွက်ပြီး အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြပါတယ်။စစ်အာဏာရှင်ကိုအလိုမရှိလို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်ကောင်စီက စစ်မြေပြင်သဖွယ် တိုက်ခိုက်သတ်ဖြတ်လို့ အာဏာသိမ်းလို့ နှစ်လနီးပါးအကြာမှာတော့ သေဆုံးသူ(၃၀၀)ကျော်လာပြီဖြစ်ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly