ရန်ကုန်က  NLD ရုံးချုပ်ကို မီးကွင်းပစ်ခံရ

ရန်ကုန်က  NLD ရုံးချုပ်ကို မီးကွင်းပစ်ခံရ

မတ် ၂၆

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို မတ်လ ၂၆ ရက်နေ့၊ မနက် ၄ နာရီ ၁၅ မိနစ်လောက်က အမည်မသိလူရမ်းကားတစ်စုက မော်တော်ယာဉ်ဖြင့် လာရောက်မီးကွင်းပစ်သွားခဲ့ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က လူမှုကွန်ယက်မှ တစ်ဆင့်အသိပေးရေးထားသည်။

အနီးအနားရှိ ပြည်သူများက မီးသတ်ဆေးဘူးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီးနောက် ၄၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး တာဝန်ရှိသူတစ်ဦးတစ်ယောက်မျှ လာရောက်ဆောင်ရွက်ပေးခဲ့ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly