လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်က တရုတ်ကို အရေးယူဆောင်ရွက်မည်

By Zee5 News
24 March 2021
လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်က တရုတ်ကို အရေးယူဆောင်ရွက်မည်

မတ် ၂၄

ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များ၊ တိဗက်ဒေသနှင့် ဟောင်ကောင်တို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် အမေရိကန်က တရုတ်အစိုးရအပေါ် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန်လွှတ်တော်အကြီးအကဲ နန်စီပယ်လိုစီက မတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။

“ဘိုင်ဒင်အစိုးရရဲ့ တရုတ်အစိုးရအပေါ ဝီဂါပြည်သူတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့အရေးယူမှုတွေဟာ ပြင်းထန်ပြီး ထိရောက်မှုရှိပါတယ်” ဟု ပယ်လိုစီက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

“တိဗက်ပြည်သူတွေ၊ ဟောင်ကောင်ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေနဲ့ အကျိူးဆောင်တွေအပါအဝင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့အတူ အမေရိကန်အစိုးရက တရုတ်ကို အရေးယူသွားပါမယ်” ဟု ၎င်းက ပြောသည်။ 

ဝီဂါတို့အပေါ် အတင်းအဓမ္မခိုင်းစေမှုဆိုင်ရာ ကာကွယ်ရေးဥပဒေ၊ ဝီဂါ လူ့အခွင့်အရေး ကာကွယ်ရေး ဥပဒေနဲ့ဝီဂါဒေသ အတင်းအဓမ္မခိုင်းစေမှု ပပျောက်ရေး ဥပဒေအပါအဝင် ဥပဒေပြဌာန်းချက်တွေ လုပ်ဆောင်ပြီး အမေရိကန်လွှတ်တော်အနေဖြင့် ပိတ်ဆို့အရေးယူများ ဆက်လက်ချမှတ်သွားမည် ဖြစ်ကြောင်း ပယ်လိုစီက ထည့်သွင်းပြောကြားခဲ့သည်။

ရှင်ကျန်းဒေသရှိ ဝီဂါများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်သည်ဟု သတ်မှတ်ထားသည့် တရုတ်အရာရှိ၄ ဦးနှင့် အဖွဲ့အစည်းတစ်ခု တို့ကို ဥရောပသမဂ္ဂက မတ်လ ၂၂ ရက်တွင် ပိတ်ဆို့အရေးယူမှု ပြုလုပ်လိုက်ပြီးနောက် ပယ်လိုစီ၏ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

စွပ်စွဲချက်အားလုံးကို တရုတ်အစိုးရက ငြင်းဆိုထားပြီး အီးယူအရာရှိ ၁၀ဦးကိုလည်း ပိတ်ဆို့အရေးယူမှုများ ပြန်လည်ချမှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly