အိန္ဒိယ၏ ဒီမိုကရေစီကို အားကျကြောင်း နီပေါ သံအမတ် ချီးမွမ်း ပြောကြား

အိန္ဒိယ၏ ဒီမိုကရေစီကို အားကျကြောင်း နီပေါ သံအမတ် ချီးမွမ်း ပြောကြား

မတ် ၂၃

အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီကို အထင်ကြီးအားကျမိကြောင်းနှင့် ကာကွယ်ဆေး အစီအစဉ်အပေါ်လည်း ချီးမွမ်း ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နီလမ်ဘာအက်ချာရာက နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည်။

“ကျွန်တော်တို့ (အိန္ဒိယနဲ့ နီပေါ) ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ နီပေါနိုင်ငံအနေနဲ့ အိန္ဒိယရဲ့ ဒီမိုကရေစီကို အထင်ကြီးအားကျပါတယ်။ ယခုတွေ့ဆုံမှုဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ချစ်ခင်မှုကို ဖော်ပြနေပါတယ်” ဟု သံအမတ်ကြီး အက်ချာရာက အိန္ဒိယလွှတ်တော်ဥက္ကဌ အိုမာဘာလာနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

‌”အိန္ဒိယရဲ့ ကာကွယ်ဆေးအစီအစဉ်က အရမ်းကို ကောင်းပါတယ်။ တကယ့်ကို ကာကွယ်ဆေး စွမ်းအားရှိတာပါပဲ။ Covishield ကာကွယ်ဆေး အခမဲ့ပေးတဲ့ အိန္ဒိယကိုလည်း ကျေးဇူးတင်ပါတယ်။ အိန္ဒိယဟာ နိုင်ငံအများအပြားကို ကာကွယ်ဆေး အခမဲ့ပေးနေသလို ရောင်းချတာတွေလည်းလုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နီပေါနိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်းနှင့် ပတ်သက်၍ သံအမတ်ကြီးက “ဒီမိုကရေစီဆိုတာ အရင်ဆုံး ခိုင်မာမှ တိုးတက်မှုရှိမျာပါ။အခက်အခဲတွေကို ကျော်လွှားခြင်းအားဖြင့် ခွန်အားတွေကို ရရှိလာစေပါတယ်” ဟု သံအမတ်ကြီးက ပြောကြားသည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly