တရုတ်၏ အသွင်ပြောင်းထိုးနှက်မှုကြောင့် အိန္ဒိယ ကက်ရှ်မီးယားဒေသတွင် မတည်ငြိမ်မှုများ ဖြစ်လာနိုင်

တရုတ်၏ အသွင်ပြောင်းထိုးနှက်မှုကြောင့် အိန္ဒိယ ကက်ရှ်မီးယားဒေသတွင် မတည်ငြိမ်မှုများ ဖြစ်လာနိုင်
Photo - EPA

မတ် ၁၉

လာဒက်ဒေသ၏ နယ်စပ်မျဉ်း Line of Control အရပ်တွင် ပါကစ္စတန်၏ အကူအညီဖြင့် တရုတ်အစိုးရက နယ်မြေဆိုင်ရာ ပြဿနာများ ထပ်မံဖြစ်ပွားအောင် လုပ်ဆောင်ပါက ဂျမူးနှင့် ကက်ရှ်မီးယားဒေသတို့တွင် လူမှုရေးပြဿနာနှင့် မတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း အိနိ္ဒိယအခြေစိုက် ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ  အကြံပေးအဖွဲ့ဖြစ်သည့် Usanas ဖောင်ဒေးရှင်း၏ ထူထောင်သူအဘီနက်ဗက်ပန်ဒရာက ပြောကြားလိုက်သည်။

ကက်ရှ်မီးယားဒေသမှာ အိန္ဒိယရဲ့ ရန်ဖက်တွေဖြစ်တဲ့ နိုင်ငံတွေ ဥပမာ ပါကစ္စတန်၊တူရကီနှင့် တရုတ်တို့က မကြာတော့မယ့် ကာလအတွင်းမှာ လူထုမတည်ငြိမ်မှုတွေ ဖြစ်အောင် လုပ်ဆောင်လာနိုင်သည်ဟု ပန်ဒရာက အာဘော်တစ်ခုတွင် ရေးသားထားသည်။

“ကက်ရှ်မီးယားဒေသဟာ နှစ် ၃၀ လောက်ကြာအောင် မတည်ငြိမ်မှုတွေ နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီကာလမှာ လူမှု-နိုင်ငံရေး အခင်းအကျင်းပုံစံနဲ့ အိနိ္ဒယဆန့်ကျင်ရေး ဂျီဟာ့စ် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ဘာသာရေးယုံကြည်ချက်ကို အသုံးချခဲ့ကြပြီး ယင်းနေရာဟာ ပါကစ္စတန်ထောက်လှမ်းရေးများအတွက် အားကောင်းသည့်ခြေကုပ်ယူရန် နေရာ ဖြစ်ခဲ့သလို အိနိ္ဒိယ မုန်းတီးရေး များစွာ ပြင်းထန်ခဲ့သည်” ဟု အဘီနက်ဗက်ပန်ဒရာက ပြောကြားသည်။

“မကြာသေးမီက တရုတ်နဲ့ ဖြစ်တဲ့ ပြဿနာမှာ အသစ်ဖောက်ထားတဲ့ လမ်းပေါ်က အိနိ္ဒယစစ်တပ်တွေရဲ့ လှုပ်ရှားမှုကို ဒေသခံတွေက ဆန့်ကျင်နှောက်ယှက်မှု မရှိခဲ့ပါဘူး။စစ်တပ်များ အမြန်ဆုံး ပြန်လည်စေလွှတ်မှုကြောင့်တရုတ်အနေနဲ့လည်း သူရဲ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သူတို့ရဲ့ မဟာဗျူဟာကို စဉ်းစားလို့ရသလို တပ်များကိုလည်း ပြန်လည်ဆုတ်ခွာဖို့ သဘောတူညီခဲ့ပါတယ်” ဟု ပန်ဒရာက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly