တရုတ်အနောက်တောင်ပိုင်းတွင် လင်းနို့ ကိုရိုနာဗိုင်းရပ်စ် ၂၄ မျိုးရှာဖွေတွေ့ရှိ

တရုတ်အနောက်တောင်ပိုင်းတွင် လင်းနို့ ကိုရိုနာဗိုင်းရပ်စ် ၂၄ မျိုးရှာဖွေတွေ့ရှိ

မတ် ၁၈

ကိုရိုနာဗိုင်းရပ်စ်၏ မူလအစကိုရှာဖွေနေသည့် နိုင်ငံတကာသိပ္ပံပညာရှင်များသည် တရုတ်ပြည် အနောက်တောင်ပိုင်း ၄ ကီလိုမီတာအကွာတွင် လင်းနို့ ကိုရိုနာဗိုင်းရပ်စ် ၂၄ မျိုးရှာဖွေတွေ့ရှိခဲ့ပြီး၊ ယင်းတို့အနက် ၄ မျိုးသည် COVID-19 ကိုဖြစ်ပေါ်စေသည့် မျိုးစိတ်နှင့် ဆက်စပ်နေကြောင်း ထုတ်ပြန်ထားသည်။ 

ဗိုင်းရပ်စ်တစ်မျိုးတွင်  'SARS-CoV-2' နှင့် ယနေ့အချိန်ထိ အနီးစပ်ဆုံးဖြစ်ဖွယ်ရှိသည့် နောက်ခံမျိုးရိုး ဗီဇပါဝင်နေသည်။   ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကို တိုက်ရိုက်သယ်ဆောင်သည့် မျိုးရိုးဖြစ်ပုံမရကြောင်း ပညာရှင်များ မဆန်းစစ်ရသေးသော လွန်ခဲ့သည့်သတင်းပတ်က ထုတ်ပြန်ခဲ့သည့် စာတမ်းတစ်ခုကို ကိုးကား၍ South China Morning Post (SCMP) က ဖော်ပြခဲ့သည်။ 

ကိုဗစ်-၁၉ ရောဂါသည် တိရစ္ဆာန်မှ စတင်ဖြစ်ပွားသည်ဟု ယူဆချက် ထွက်ပေါ်လာပြီးနောက် လင်းနို့လေ့လာသည့် သိပ္ပံပညာရှင်များ၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ ပညာရှင်များသည် ပြင်းထန်သည့် ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။ 

တိုင်းပြည်တစ်ဝန်းတွင် လင်းနို့ဗိုင်းရပ်စ်ပိုးများကို စုဆောင်းရန်နှင့် လေ့လာရန်အတွက် သုတေသနအဖွဲ့များကို တရုတ်အစိုးရက ရန်ပုံငွေများဆက်လက်ပေးခဲ့သည်။ ထိုအထဲတွင် Shandong First Medical University မှ ပါမောက္ခ Shi Weifongဦး ဆောင်သည့်အဖွဲ့သည် နောက်ဆုံးတွေ့ရှိချက်ကို ရှာဖွေတွေ့ရှိထားသည်။

အနီးစပ်ဆုံးကိုက်ညီသည ့်ဗိုင်းရပ်စ် RpYN06 သည် မျိုးရိုးဗီဇတစ်ခုလုံးတွင် SARS-CoV-2 နှင့် ၉၄ဒသမ ၅ ရာခိုင်နှုန်းဆင်တူသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ယူနန်ပြည်နယ်တွင်တွေ့ရှိခဲ့သည့် ၉၆ ရာခိုင်နှုန်းဆင်တူသည့် RaTG13 လင်းနို့ဗိုင်းရပ်စ်ထက် အနည်းငယ်ကွာခြားနေသည်။  

ရှီနှင့်သူ၏လုပ်ဖော်ကိုင်ဖက်များ၏ အဆိုအရ SARS-CoV-2 ၏ ဘိုးဘေးများသည်လွန်ခဲ့သောဆယ်စုနှစ်များစွာက RpYN06 နှင့် TG13 မျိုးနွယ်မှ ခွဲထွက်ခွာခဲ့၍ မတူညီသော ဗိုင်းရပ်စ်မျိုးစိတ်များနှင့် ပေါင်းစပ်ခဲ့သည်ဟုပြောကြားခဲ့သည်။

ယင်းအဖွဲ့က ယခုကဲ့သို့သေးငယ်သောဧရိယာအတွင်းတွင် ယခုကဲ့သို့ အမျိုးအမည်မသိသော မျိုးစိတ် အများအပြားကိုရှာဖွေတွေ့ရှိမည်ဟု မမျှော်လင့်ထားကြောင်းနှင့်လက်ခံကောင်၏ ဖြန့်ဝေမှု ရှုပ်ထွေးခြင်းသည် 'SARS-CoV-2 နှင့် အခြားရောဂါဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်၏ မူလဇစ်မြစ်များကို ရှာဖွေဖော်ထုတ်ရာတွင် အခက်အခဲများ ပိုမိုများပြားလာစေနိုင်သည်' ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ ဆင့်ကဲဖြစ်စဉ်ကိုလေ့လာသည့် ရှန်ဟိုင်းအခြေစိုက် အသက်ဇီဝသိပ္ပံပညာရှင်တစ်ဦး ၏အဆိုအရ အပူပိုင်းဒေသမှ အပူပိုင်းရာသီဥတုနှင့်များပြားလှသောတိရစ္ဆာန်မျိုးစိတ်များက မတူညီသော ဗိုင်းရပ်စ်များကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး မျိုးကွဲအသစ်များဖန်တီးရန် အချင်းချင်း ရောနှောနေခြင်းကြောင့် ဗိုင်းရပ်စ်အသစ်များပေါ်ထွက်လာခဲ့သည်ဟု SCMP က သတင်းဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly