ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် တရုတ်အစီအစဉ်ကို အမေရိကန် ပြစ်တင်ရှုတ်ချ 

ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ် ပြောင်းလဲမည့် တရုတ်အစီအစဉ်ကို အမေရိကန် ပြစ်တင်ရှုတ်ချ 

မတ် ၁၂

ဟောင်ကောင်၏ ရွေးကောက်ပွဲ စနစ်အား ပြောင်းလဲမည့် တရုတ်အစိုးရ၏အစဉ်သည် ဒီမိုကရေစီ အဖွဲ့အစည်းများကို ဆက်လက်တိုက်ခိုက်မှု လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြစ်တင် ရှုတ်ချလိုက်သည်။

ပုံမှန်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဟောင်ကောင်၏ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းသည် ယင်းဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“တရုတ်နိုင်ငံအနေနဲ့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီအဖွဲ့အစည်းတွေကို ဆက်လက်တိုက်ခိုက်နေခြင်းအပေါ် အမေရိကန်က ပြစ်တင်ရှုတ်ချပါတယ်” ဟု ၎င်းက ပြောသည်။ 

ရက်စက်ပြင်းထန်သည့် အမျိုးသား လုံခြုံရေးဥပဒေပြဌာန်းပြီး တစ်နှစ်နီးပါးအကြာတွင် ရွေးကောက်ပွဲစနစ်ပြင်ဆင်မည့် လုပ်ရပ်သည် တရုတ်လိုလားသည့် အဖွဲ့အစည်းများကို အကျိုးရှိစေပြီး ဟောင်ကောင်၏နိုင်ငံရေး အတိုက်အခံများကို နှိပ်ကွပ်မှုတစ်ခု ဖြစ်သည်။

ယခုပြုလုပ်သည့် မဟာဗျူဟာသည် ဟောင်ကောင် ကွန်မြူနစ်ပါတီလက်ထဲတွင် အာဏာပိုမိုအားကောင်းစေပြီး လက်ရှိအတိုက်အခံများ၏ နိုင်ငံရေးမျှော်လင့်ချက်ကို လျော့နည်းသွားစေမည်ဟု နယူးယောက်တိုင်းမ် သတင်းစာဌာနက ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly