အောင်မြင်မှုအတွက် နှစ်နိုင်ငံ အပြန်အလှန်ကူညီကြရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အိန္ဒိယကို တိုက်တွန်း

By zee news
09 March 2021
အောင်မြင်မှုအတွက် နှစ်နိုင်ငံ အပြန်အလှန်ကူညီကြရန် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အိန္ဒိယကို တိုက်တွန်း

ပေကျင်း

နိုင်ငံအချင်းချင်း အင်အားချည့်နဲ့အောင် လုပ်ဆောင်ရမည့်အစား အောင်မြင်မှုရစေရန် အပြန်အလှန် ကူညီကြရန် နှင့် တစ်ဖက်နှင့် တစ်ဖက် သံသယများ ထားရှိမည့်အစား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

“တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပါတယ်။ ခြိမ်းခြောက်၊ ပြိုင်ဆိုင်မှုတွေ လုပ်ဖို့ မလိုပါဘူး။ အောင်မြင်မှုရဖို့ အပြန်အလှန် ကူညီကြပြီး တစ်ဖက်နဲ့ တစ်ဖက် သံသယမထားဘဲ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ကြရမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်းက တွစ်တာတွင် ရေးသားထားသည်။

ထိပ်တိုက် ရင်ဆိုင်မှုသည် နှစ်နိုင်ငံအကြား ပြဿနာကို ပြေလည်စေမည်မဟုတ်သလို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းမှုကိုလည်း ဖြစ်စေမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

တရုတ်နို်ငငံခြားရေးဝန်ကြီး ဝမ်ယိက နယ်စပ်အငြင်းပွားမှု ပြဿနာ ဖြေရှင်း နိုင်ရေးအတွက် အခြေအနေများကို ဖန်တီးနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု မတ်လ ၇ရက် အစောပိုင်းက ပြောကြားသည်။

တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဗီကာရမ်မီဆရီကလည်း တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လူကျောင်ဟွေးနှင့် မတ်လ ၅ ရက်က ပေကျင်းမြို့၌ တွေ့ဆုံခဲ့ရာတွင် လက်ဒခါအရှေ့ပိုင်း ဒေသရှိ ကျန်ရှိနေသော နယ်မြေများမှ နှစ်ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်မှုကို အဆုံးသတ်ပြီး နယ်စပ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးတို့ကို ဆွေနွေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly