ပါကစ္စတန်ဝန်ကြီးချုပ် ဆီးနိတ် လွှတ်တော်တွင် အခြေအနေမကောင်းသော်လည်း ထောက်ခံမဲများရရှိ

By AP
09 March 2021
ပါကစ္စတန်ဝန်ကြီးချုပ် ဆီးနိတ် လွှတ်တော်တွင် အခြေအနေမကောင်းသော်လည်း ထောက်ခံမဲများရရှိ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းသည် ဆီးနိတ် လွှတ်တော်ရွေးကောက်ပွဲတွင် သူ၏အာဏာရပါတီ၏ အဓိကကိုယ်စားလှယ်လောင်းအား အရှက်ရရှုံးနိမ့်အပြီး ရက်အနည်းငယ်အကြာတွင် အမျိုးသားလွှတ်တော်၌ ထောက်ခံမဲများရရှိခဲ့သည်။

ပါလီမန်အမတ် ၃၄၀ပါဝင်သော အောက်လွှတ်တော်အမတ်၁၇၈ဦး၏ မဲများကို ခန်းကရရှိခဲ့သည်။ ၁၁ပါတီ အတိုက်အခံမဟာမိတ်အဖွဲ့ဖြစ်သော-ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှုအဖွဲ့က လွှတ်တော်၏ အထူးအစည်းအဝေးကို သပိတ်မှောက်ခဲ့သည်။

အများစုရရှိရန်၁၇၂မဲလိုအပ်သော်လည်း ခန်း သည် အောက်လွှတ်တော်တွင် အမတ်အများစု၏ ထောက်ခံမှုကို မရရှိနိုင်ခဲ့ပေ။

ပါကစ္စတန်၏ အောက်လွှတ်တော်ဖြစ်သည့် အမျိုးသားလွှတ်တော်တွင် အာဏာရပါကစ္စတန်Tehreek-e-Insafပါတီသည် အမတ်၁၈၀ရရှိထားပြီး၊ ခန်း၏ ပါတီမှ၁၅၇ဦး၊ မဟာမိတ်ပါတီများမှ၂၀နှင့် တသီးပုဂ္ဂလအမတ်၂ယောက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဆီးနိတ်လွှတ်တော်ရွေးကောက်ပွဲများတွင ်ဝန်ကြီးချုပ်ဟောင်းယူဆွတ်ရာဇာဂီလာနီသည် ခန်း၏ အစိုးရအဖွဲ့ဘဏ္ဍာရေးဝန်ကြီး ဟာဖက်ရှိတ်ခ် ကိုအနိုင်ယူပြီးနောက်တွင်ထောက်ခံမဲလိုအပ်လာခြင်းဖြစ်သည်။

ဆီးနိတ်လွှတ်တော်၏ မဲသည်၂၀၁၈ပါလီမန်ရွေးကောက်ပွဲတွင် ခန်းအတွက် စမ်းသပ်မှု တစ်ခုဖြစ်သည်။ ယင်းသည်အတိုက်အခံများအတွက် ဆီးနိတ်လွှတ်တော်တွင် အမတ်နေရာအရေအတွက် တိုးမြှင့်ပေးခဲ့ပြီး၊ ယင်းသည်Khan ကို၅၃-၄၇မဲဖြင့်မဲအနည်းငယ်အသာဖြင့်အများစုရရှိသွားခြင်းဖြစ်ပြီး ခန်းအား ရာထူးမှ နုတ်ထွက်စေလိုသည်။

အတိုက်အခံများ၏တောင်းဆိုချက်ကိုတုံ့ပြန်သည့်အနေဖြင့် ခန်းသည် ထောက်ခံမဲများရရှိအောင်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး၊ သူ့ပါတီမှဥပဒေပြုအမတ်များသည် သူ၏မူဝါဒများကို ဆန့်ကျင်လိုပါက ဒီမိုကရေအခွင့်အရေးအရ မဲပေးပိုင်ခွင့်ရှိသည်ဟုလည်းဆိုခဲ့သည်။

ရှိတ်ခ်၏ ရှုံးနိမ့်မှုကြောင့် လွတ်လပ်၍တရားမျှတသော မဲပေးရန်ပျက်ကွက်ခဲ့သည်ဟု ရွေးကောက်ပွဲအာဏာပိုင်များကို ခန်းကဝေဖန်ခဲ့သည်။ အစောပိုင်းက ၎င်း၏ပါတီမှ ဥပဒေပြုအမတ်၁၅ဦး၊၁၆ဦးတို့သည် ၎င်းတို့၏မဲများကို ရောင်းချခဲ့သည်ဟု သူကဆိုသော်လည်း လျှို့ဝှက်မဲပေးစနစ်ကြောင့် မည်သူမည်ဝါဖြစ်သည်ကိုအတိအကျမပြောနိုင်ပေ။

“၂၀၁၈ခုနှစ်သြဂုတ်လတွင် အီမာရန်ခန်ကဝန်ကြီးချုပ်ဖြစ်လာဖို့ ၁၇၆မဲရရှိခဲ့ပြီး၊ ဒီနေ့မှာတော့ သူကအောက်လွှတ်တော်မှာ မဲအများစုရတယ်ဆိုတာကို ဖော်ပြမဲ့ ၁၇၈မဲရရှိခဲ့ပါတယ်”ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ အာဆာကကမဲပေးပြီးနောက်တွင်ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly