အမျိုးသမီးအလုပ်သမားတွေ မီးဖွားခွင့် ရက်တိုးရရှိရေးအတွက် ထိုင်းမှာ လူရာနှင့်ချီ ချီတက်တောင်းဆို

အမျိုးသမီးအလုပ်သမားတွေ မီးဖွားခွင့် ရက်တိုးရရှိရေးအတွက် ထိုင်းမှာ လူရာနှင့်ချီ ချီတက်တောင်းဆို
Photo: EPA

မတ် ၈

မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထိုင်းနိုင်ငံမှာ လူပေါင်း ရာနဲ့ချီတို့ စုဝေးပြီး အမျိုးသမီးအလုပ်သမားတွေ မီးဖွားခွင့် ရက်တိုးရရှိရေးအတွက် လမ်းလျှောက် ချီတက်တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ အဖွဲ့၀င် ၃၀၀ ကျော်ခန့်ဟာ ယနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အလုပ်သမားတွေရဲ့ မိခင်ဘ၀ ဆိုင်ရာ အခွင့်အရေးအတွက် စုဝေးချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အဆိုပါ ချီတက်မှုမှာတော့ ကိုယ်၀န်ဆောင်လို ပြင်ဆင်ထားတဲ့ လူပုံစံအရုပ်တစ်ရုပ်ကို ထည့်သွင်းပြသခဲ့သလို လှည်းတစ်စီးပေါ်မှာ အမျိုးသားတစ်ဦးက ကလေးပုခက်လွှဲ ချော့နေဟန် သရုပ်ပြပြီး ပါ၀င်ခဲ့တာလည်း ရှိခဲ့ပါတယ်။

အဆိုပါ ချီတက်မှုမှာ ပါ၀င်ခဲ့ကြသူတွေကတော့ လက်ရှိအချိန်မှာ ကိုယ်၀န်ဆောင်အမျိုးသမီးတွေ တရား၀င် ခံစားရရှိနေတဲ့ မီးဖွားခွင့် ၉၈ ရက်အပြင် လစာရ မီးဖွားခွင့် နောက်ထပ် ရက် ၃၀ ထပ်တိုးရရှိဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly