ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်

ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုရန် ပြင်ဆင်
(File) သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး သူရဦးအောင်ကို။ Photo: EPA

သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး သူရဦးအောင်ကိုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုရန် ပြင်ဆင်လျှက်ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက မတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

သူရဦးအောင်ကိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နိုင်ငံတော်က နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လူပုဂ္ဂိုလ်များအား သာသန နုဂ္ဂဟ ဘွဲ့တံဆိပ်တော် ချီးမြှင့်သည့် အစီအစဉ်တွင် ငွေကြေးနှင့် ပစ္စည်းများ တရားမဝင် လက်ခံရယူခဲသည် ဆိုသော စွပ်စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုရန် ပြင်ဆင်ခြင်း ဖြစ်သည်။

ရရှိသည့် တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာတွင် သူရဦးအောင်ကိုသည် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်တွင် သက်ဆိုင်သည့် လူပုဂ္ဂလ်များထံမှ ကျပ်သိန်း ၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် ငွေကျပ် သိန်း ၃၀၀ တန် ဘဏ်ချက်လက်မှတ်တစ်စောင်ကို လက်ခံရယူခဲ့ပြီး ၂၀၂၀ ဇူလိုင် ၁၆ ရက်နေ့တွင် ငွေသားထုတ်ယူခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ပေးအပ်သည့် ငွေ သိန်း ၁၀၀၅ သိန်း တန်ဖိုးရှိ Ford အမျိုးအစား မော်တော်ယာဉ်တစ်စီးကို လက်ခံရရှိခဲ့တို့ကို စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ  ရန်ကုန်တိုင်းဒေသကြီး မြို့မ ရဲစခန်းနဲ့ မင်္ဂလာဒုံ မြို့မ ရဲစခန်းတို့တွင် အမှုဖွင့်ပြီး တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင် အဂိတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ကြေညာချက်တွင် စွပ်စွဲဖော်ပြထားသည်။

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်အချို့လည်း ယင်းသို့ အဂတိလိုက်စားမှုတွေ့ရှိသဖြင့် အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။ 

သူရဦးအောင်ကိုသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်မင်ရင်းနှီးသူဖြစ်ပြီး အစွန်းရောက် မဘသ အဖွဲ့ဖျက်သိမ်းသည်အထိ အရေးယူခဲ့သော ဝန်ကြီးအဖြစ် သူ့ကိုလူသိများကြသည်။

မြန်မာအာဏာသိမ်းစစ်ကောင်သည် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ပြည်ထောင်စုဝန်ကြီး‌ ဒေါက်တာဝင်းမြတ်အေးကိုလည်း CDM လှုပ်ရှားရေး လှုံ့ဆော်မှုကြောင့် ရာဇသတ်ကြီးပုဒ် မ၅၀၅ (က) ဖြင့် တရားစွဲကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် နိုင်ငံပိုင် မီဒီယာမှ ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly