ဂယ်ဝမ် တိုက်ပွဲတွင် ကျဆုံးသွားသည့် စစ်သားများကို စော်ကားခြင်း၊ တရုတ်ရဲတပ်ဖွဲ့က ဘလော့ဂါ ကျူဇင်မင်းကို ဖမ်းဆီး

By Justearth News
03 March 2021
ဂယ်ဝမ် တိုက်ပွဲတွင် ကျဆုံးသွားသည့် စစ်သားများကို စော်ကားခြင်း၊ တရုတ်ရဲတပ်ဖွဲ့က ဘလော့ဂါ ကျူဇင်မင်းကို ဖမ်းဆီး

ပေကျင်း

အိန္ဒိယနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားသည့် စစ်သားများကို အာဏာပိုင်များက မထေမဲ့မြင် ပြုခဲ့ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားမှုဖြင့် ဘလော့ဂါတစ်ဦးကို တရုတ်ရဲများက ဖမ်းဆီးလိုက်သည်။

အငြင်းပွားပြဿနာဖြစ်ပွားစေခြင်းနှင့် အခက်အခဲများ ဖြစ်ပေါ်စေခြင်းတို့ကြောင့် အသက် ၃၈ နှစ်အရွယ် ကျူဇင်မင်းကို ထောင်ဒဏ် ၁၀ နှစ်အထိ ကျနိုင်သည့် အမှုဖြင့် တရားစွဲဆိုလိုက်ကြောင်း နန်ယင်းပြည်သူ့လုံခြုံရေး အဖွဲ့က အတည်ပြုခဲ့သည်။

အပတ်စဉ် Economic Observer ၏ သတင်းထောက်ဟောင်း တစ်ဦးဖြစ်သူ ကျူသည် တွစ်တာကဲ့သို့ တရုတ် ဆက်သွယ်ရေးစနစ် Weibo တွင် ပရိသတ် ၂ ဒသမ ၅ သန်း ရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်က ရေးသားခဲ့သည့် ပို့စ် ၂ ခုတွင် တပ်မှူးတစ်ဦးသည် အဆင်မြင့်အရာရှိဖြစ်သောကြောင့် တိုက်ပွဲတွင် အသက်ရှင်ခြင်း ဖြစ်ကြောင်း ရေးသားခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အိန္ဒိယ-တရုတ် တိုက်ပွဲ နောက်ဆုံး အခြေအနေ

ဖေဖော်ဝါရီ ၂၀က တရုတ်နယ်မြေ မော်လ်ဒိုတွင် ပြုလုပ်ခဲ့သည့် ၁၀ ကြိမ်မြောက် စစ်ရေးဆွေးနွေးပွဲ အပြီးတွင် အိန္ဒိယနှင့် တရုတ်တို့သည် ဂေါ့ရာ၊ ရေပူစမ်းနှင့် ဒက်စ်ပန်ဒေသများတွင် ဖြစ်ပွားနေသည့် ပြဿနာများအပါအဝင် ကျန်ရှိနေသည့် ပြဿနာများကို ပုံမှန်နည်းလမ်းများဖြင့် စနစ်တကျ နှစ်ဖက်သဘောတူ ပူးပေါင်းဖြေရှင်းရန် သဘောတူထားကြသည်။

နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယတပ်မှူးများနှင့် တရုတ်အာဏာပိုင်များသည် ရိုးသားပွင့်လင်းစွာ အသေးစိတ်ဆွေးနွေးခဲ့ရာတွင် အရှေ့ပိုင်းကဏ္ဍတွင် ပါဝင်သည့် LACအကြောင်းအရာများလည်း ပါဝင်ခဲ့သည်။

“ပန်ဂေါင်းလိတ်ခ် ဒေသက ရှေ့တန်းစစ်မျက်နှာ ပြဿနာကို အဆင်ပြေပြေ ညှိနှိုင်းနိုင်တဲ့အပေါ် နှစ်ဖက်စလုံးက ကျေနပ်ကြပြီး အရှေ့ပိုင်းကဏ္ဍက LAC ပြဿနာအပါအဝင် ကျန်ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့၊ မြေပြင်မှာ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့၊ ကျန်ရှိနေတဲ့ ပြဿနာတွေကို တည်ငြိမ်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့၊ နယ်စပ်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိစေဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀ ကြိမ်မြောက် စစ်ရေးဆွေးနွေးပွဲ မတိုင်မှ ၂ ရက်တွင် တရုတ်အစိုးရက ၎င်းတို့ စစ်သား ၄ ဦး ဂယ်ဝမ်တောင်ကြားတွင် အသတ်ခံရကြောင်း ထုတ်ပြန်ခဲသည်။

သတ်ဖြတ်ခံရသည့် စစ်သားတို့၏ အမည်များကို ကြေညာနိုင်ရန် ၈ လဝန်းကျင်ကြာခဲ့သည်။

အိန္ဒိယ တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုတွင် တရုတ်စစ်သား ၄၅ ဦး သေဆုံးခဲ့သည်ဟု ရုရှား အွန်လိုင်းအေဂျင်စီတစ်ခု၏ ထုတ်ပြန်ချက် ထွက်ပေါ်အပြီးတွင် ယခုကဲ့သို့ အခြေအနေဖြစ်ပေါ်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly