အာဏာမလွှဲခင် အိမ်စောင့်အစိုးရသာ လုပ်သင့်ဟု ရက္ခိုင့်တပ်မတော်၊ ကိုးကန့်နှင့် ပလောင်တပ်တို့ ပြော

အာဏာမလွှဲခင် အိမ်စောင့်အစိုးရသာ လုပ်သင့်ဟု ရက္ခိုင့်တပ်မတော်၊ ကိုးကန့်နှင့် ပလောင်တပ်တို့ ပြော

သက်တမ်းကုန်ဆုံးတော့မည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိအစိုးရသည် စီမံကိန်းကြီးများ၊ လုပ်ငန်းသစ်များကို ဆက်လက် မလုပ်သင့်တော်ဘဲ တည်ငြိမ်အေးချမ်းရေးကိုသာ ရှေ့ရှုသည့် အိမ်စောင့် အစိုးရကဲ့သို့သာ လုပ်ဆောင်သင့်ကြောင်း ရက္ခိုင့်တပ်မတော်၊ ကိုးကန့် တပ်မတော်နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး တို့က တိုက်တွန်းလိုက်သည်။

“ကြီးမားသည့် ဘတ်ဂျက်ငွေပမာဏ ကုန်ကျမည့် လုပ်ငန်းသစ်များကို လက်ရှိပြည်ထောင်စု လွှတ်တော်နှင့် အစိုးရတို့မှ ဆုံးဖြတ်ခြင်း၊ အတည်ပြုခြင်း၊ ဆောင်ရွက်ခြင်း မပြုဘဲ တိုင်းပြည်၏တည်ငြိမ် အေးချမ်းမှုကို ထိန်းကျောင်းကာ အိမ်စောင့် အစိုးရသဖွယ်သာ ဆောင်ရွက်သင့်ပါသည်” အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တွင် ဖေါ်ပြသည်။

အလားတူ လက်ရှိအစိုးရသည် “အကောင်းဆုံး လုပ်ဆောင်သင့်သည်မှာ လက်ရှိ ဖြစ်ပွား နေသော ပြည်တွင်းစစ် တိုက်ပွဲများအား ရပ်တန့် တားဆီးရေးပင် ဖြစ်ပါသည်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အား ဒီမိုကရေစီ ကျင့်စဉ်အရ နိုင်ငံတော် အချုပ်အခြာအာဏာကို မလွှဲပြောင်းသေးမီ ကာလတွင် အိမ်စောင့် အစိုးရသဖွယ်သာ နိုင်ငံတော်အာဏာကို ထိန်းကျောင်း လုပ်ဆောင်ရန်” ဟုလည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags