ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာလည်း လွှတ်တော်အရပ် အမတ်တွေလိုပဲ အရည်အချင်း ရှိဖို့ုလိုပါတယ်

ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာလည်း လွှတ်တော်အရပ် အမတ်တွေလိုပဲ အရည်အချင်း ရှိဖို့ုလိုပါတယ်

ရန်ကုန်တိုင်ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ကိုဝေဇင်က စာဖတ်သူကဏ္ဍ ကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ ကုမ္ပဏီဝမ် ထမ်း တစ်ဦးဖြစ်ပြီး ဘယ်ပါတီဝင်မှ မဟုတ်ပေမယ့် NLD ပါတီက အများဆုံး အနိုင်ရသွားတဲ့အတွက် နိုင်ငံမှာ အပြောင်းအလဲတော့ ဖြစ်ပြီဆိုပြီး ဝမ်းသာမိတာကို ဦးစွာ ရေးသားလိုပါတယ်။ ရွေးချယ်ခံကြရတဲ့ ပါတီအသီးသီးရဲ့ လွှတ်တော် ၃ ရပ်က ကိုယ်စာလှယ်တွေကိုလည်း ဂုဏ်ပြုပါတယ်။ ဒီစာကို ရေးရ ခြင်း အကြောင်းအရင်ကတော့ အစိုးရသစ်နေနဲ့ ဘယ်လိုမူဝါဒအနေနဲ့ အုပ်ချုပ်မယ်ဆိုတာ မသိသေးပေ မယ့် သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ် တာဝန်ပေးမယ့် ကိစ္စ ကို အလေးထား ဆောင်ရွက်ပေးစေလိုတဲ့အတွက် ရေးလိုက်တဲ့ စာဖြစ်ပြီး ဖော်ပြပေးဖို့ မေတ္တာရပ်ခံပါ တယ်လို့ ပြောပါတယ်။

အစိုးရသစ်အနေနဲ့ ပြည်သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံရမယ့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ယူရမယ့် သူတွေကို ရွေးချယ်တဲ့နေရာမှာ လွှတ်တော် ၃ ရပ်လုံးလိုပဲ သဘော ထားပြီး စဉ်းစား ရွေးချယ်ပေးစေလိုပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး အရပ်သား အစိုးရက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ပြည်သူ့အစုနဲ့အညီ မဲပေး ရွေးချယ် တင်မြှောက်စေခဲ့တယ်လို့ ဆိုပေမယ့် ပြည်သူကြိုက်တဲ့သူတွေ အနည်းငယ်ပဲ ပေါ်ထွက်ခဲ့တာကို အားလုံး သိကြပါတယ်လို့ ပြောပါတယ်။ ဘာလို့ ဒီလို ဖြစ်ရတာလဲဆိုရင် မြန်မာနိုင်ငံက ပြည်သူတွေ ဟာနှစ်ပေါင်းများစွာ ဒီမိုကရေစီ အတွေးအခေါ်နဲ့ ကင်းဝေးခဲ့ရတဲ့အတွက် ဦးဆောင်မယ့်သူ ရွေးတဲ့နေ ရာမှာ မိမိမှာလည်း

တာဝန်ရှိတယ်ဆိုတာကို မေ့ထားခဲ့ကြလို့ ဖြစ်တယ်လို့ ရေးပါတယ်။ ရွေးချယ်တင် မြှောက်ရတဲ့ အစည်းအဝေး တွေ့ဆုံပွဲတွေကို မတက်ရောက်ကြဘဲ တက်ရောက်တဲ့ သူတွေထဲမှာ လည်း ပွဲအစမှအဆုံး ဘာမှဝင်ဆွေးနွေးတာမရှိဘဲ အစည်းအဝေးထဲမှာ ရှိနေတဲ့ လူများစုရဲ့ သဘော ထားနဲ့ ဆုံးဖြတ်ကြတာ များပါတယ်။ ဒါကြောင့် နောင်လာမယ့် ရွေးချယ်တဲ့နေရာမှာ ပြည်သူအများစု ပါဝင်နိုင်အောင် ဆောင်ရွက်ပေးစေလိုတယ်လို့ ရေးပါတယ်။

သူ့ရပ်ကွက်ထဲမှာ တွေ့ခဲ့ရတဲ့ ရပ်ကွက်အုပ်ချုပ်သူတွေဟာ များသောအားဖြင့် ပြည်သူကို ထိတွေ့ ဆက်ဆံတဲ့နေရာမှာ မိမိကိုယ်ကို လူတန်းစားတစ်ရပ်အဖြစ်ထင်ပြီး မောက်မောက်မာမာနဲ့ ဆက်ဆံလေ့ ရှိကြတဲ့အတွက် ရပ်ကွက် ပြည်သူတွေအနေနဲ့ ရပ်ကွက်ရုံးကို မလွဲသာမရှောင်သာမှ သွားကြတာ တွေ့ရပါတယ်။ တကယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဟာ ပြည်သူနဲ့ ပူးပေါင်း ဆောင်ရွက်ရမှာဖြစ် သလို အစိုးရ ဌာနဆိုင်ရာတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု သူူမြင်နေရတာတွေထဲမှာ ပြည်သူတွေအတွက် အလုပ်မလုပ်ရဘဲ မြို့နယ်က ခိုင်းတဲ့အတိုင်းပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက လုပ်နေကြရတယ်။ ဥပမာပြောရရင် ဆန္ဒပြတဲ့ နေရာမှာ လုံခြုံရေး သွားရတဲ့အပြင် အဲဒီအတွက် လိုအပ်တဲ့လူ စုပြီး ခေါ်သွားပေးရတာ၊ ခေါင်းစဉ်အ မျိုးမျိုးနဲ့ လှူခံစာအိတ်တွေ ပို့တာကို အလှူခံပေးရတာတွေပဲ လုပ်နေကြရတာ တွေနေရတယ်လို့ ပြောပါတယ်။

နိုင်ငံဆိုတာ ရပ်ကွက်၊ ကျေးရွာ၊ ပြည်သူတွေ စုပေါင်းပြီးမှ ဖြစ်လာရတဲ့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးဟာ အလွန် အရေးကြီးတယ်လို့ သူ့အနေနဲ့ မြင်မိပါတယ်။ ပြည်သူတွေ ဘာတွေလိုအပ်လို့ ဘာတွေ အခက်အခဲ ရှိသလဲဆိုတာ ဖြေရှင်းဆောင်ရွက်ပေးဖို့ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေကို အစိုးရ ကိုယ်စား ထားတာဖြစ်တဲ့အတွက် ပြည်သူ့ အကျိုးစီးပွားကို ဖော်ဆောင်ဖို့ အရည်အချင်းပြည့်ဝတဲ့ သူတွေဖြစ် ရမယ့်အပြင် ပြည်သူတွေကို စေတနာထား လုပ်ဆောင်ပေးမယ့်သူလည်း ဖြစ်ဖို့ လိုပါတယ်လို့ ရေးပါတယ်။ ဒါ့အပြင် ပြည်သူတွေကလည်း စည်းကမ်းလိုက်နာအောင်၊ ပူးပေါင်း ဆောင်ရွက်လာအောင် ဦးဆောင် စည်းရုံးနိုင်သူ ဖြစ်မှသာ တရားဥပဒေ စိုးမိုးပြီး ပြည်သူ ပူးပေါင်းပါဝင်တဲ့ ပြည်သူ့အုပ် ချုပ်ရေး ဖြစ်မှသာ တရားဥပဒေ စိုးမိုးပြီး ပြည်သူ ပူးပေါင်းပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး အစစ်အမှန် ရရှိမှာ ဖြစ်တာကြောင့် ပြည်သူအတွက် အကျိုးရှိမယ့် မြို့နယ်နဲ့ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူး များကို ရွေးချယ်ပေးဖို့ ပြည်သူတွေကိုယ်စား ရေးသားပေးပို့ပါတယ်လို့ ဆိုလာတဲ့စာကို ဖော်ပြလိုက်ပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags