၂၀၂၀ အိန္ဒိယနယ်စပ်တိုက်ပွဲတွင် စစ်သား ၄ ဦး ကျဆုံးရှုံးခဲ့သည်ဟု တရုတ်ထုတ်ပြန်

၂၀၂၀ အိန္ဒိယနယ်စပ်တိုက်ပွဲတွင် စစ်သား ၄ ဦး ကျဆုံးရှုံးခဲ့သည်ဟု တရုတ်ထုတ်ပြန်

ပြီးခဲ့သည့်နှစ်က အိန္ဒိယတပ်များနှင့် ကုန်းမြင့် နယ်စပ်တိုက်ပွဲတွင် ၎င်းတို့၏စစ်သား လေးဦး သေဆုံးခဲ့သည်ဟု တရုတ်စစ်တပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် နှစ်ပေါင်း ၄၅ နှစ်နီးပါးအတွင်း နိုင်ငံကြီးများအကြား အသေအပျောက်အများဆုံး အဖြစ်အပျက်တွင် ပေကျင်းဘက်မှ ပထမဆုံးအနေဖြင့် ဆုံးရှုံးမှုကို လူသိရှင်ကြား ဝန်ခံခဲ့ခြင်းဖြစ်သည်။

သွေးထွက်သံယို ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ခြောက်လကျော်အကြာတွင် ထွက်ပေါ်လာသော ကြော်ငြာချက်သည် ကမ္ဘာလုံးဆိုင်ရာ ပရိသတ်များအား အဖြစ်အပျက်၏ အမှန်တရားနှင့် အမှားအမှန်ကို နားလည်စေရန် ကူညီကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ရင်းက ပြောကြားခဲ့သည်။

သို့သော်လည်း ရွှေ့ဆိုင်းမှုသည် တရုတ်၏ စစ်ရေးလျှို့ဝှက်ချက်၏ နက်ရှိုင်းသော ယဉ်ကျေးမှုနှင့် သွေးထွက်သံယိုမှုကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာတို့၏ နောက်ဆက်တွဲ ပြဿနာများအပေါ် စိုးရိမ်ပူပန်မှုများကို ထင်ဟပ်နေသည်။

 ၂၀၂၀ ဇွန်လတွင် လာဒါ့ခ်ဒေသ၏ ကာရာကိုရမ်တောင်တန်းများပေါ်ရှိ ကုန်းမြင့်တစ်ခုပေါ်၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကို ရှောင်ရှားရန် လက်သီး၊ တုတ်၊ ကျောက်ခဲများနှင့် အခြားလက်လုပ် လက်နက်များများ အသုံးပြုခဲ့သည့် တိုက်ပွဲအပြီး၌ အိန္ဒိယသည် စစ်ပွဲတွင် ၎င်း၏ စစ်သား ၂၀ အား ဆုံးရှုံးခဲ့ရသည်ဟု ကြေငြာခဲ့သည်။

တရုတ်တွင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ယုံကြည်သော်လည်း တင်းမာမှုများကို ထပ်မံ မဖြစ်ပွားစေလိုဟု ပြောဆိုကာ အသေးစိတ်အချက်အလက်များကိုမူ မဖော်ပြခဲ့ပေ။ စစ်သားများကို အမှန်တကယ် ဆုံးရှုံးခဲ့ရသည်ဟူသော ကြေညာချက်သည် နှစ်ဖက်စလုံးသည် စေ့စပ်ညှိနှိုင်းမှု အကြိမ်ကြိမ်အပြီးတွင် ၎င်းတို့၏မူလနေရာများမှ အဆင့်ဆင့်ဆုတ်ခွာမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

 သေဆုံးသူလေးဦးအား တရားဝင် နိုင်ငံ့အာဇာနည်များအဖြစ် သတ်မှတ်ပြီး အခြားဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခံရသည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နေ့စဉ်သတင်းစာတွင် သောကြာနေ့က ပြောကြားခဲ့သည်။

နယ်စပ်ကာကွယ်ရေး သူရဲကောင်းဟူသော ခေါင်းစဉ်ကို တပ်ရင်းမှူး Chen Hongjunအား ရည်ညွှန်းခဲ့ခြင်းဖြစ်ပြီး Chen Xiangrong၊ Xiao Siyuan နှင့် Wang Zhuoran တို့အား ပထမတန်းစား ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခဲ့သည်ဟု ဖော်ပြထားသည်။ သူတို့၏သေဆုံးမှုသည် အိန္ဒိယစစ်တပ်ဟု တိုက်ရိုက်ဖော်ပြခြင်းမရှိဘဲ “ကျူးကျော်ဝင်ရောက်လာသော နိုင်ငံခြားစစ်တပ်နှင့် ပဋိပက္ခ”တွင် တိုက်ခိုက်ခြင်းကြောင့်ဟု ဆိုထားခဲ့သည်။

 တိုက်ပွဲတွင် ဒဏ်ရာရခဲ့သော PLA Xinjiang စစ်ဌာနချုပ်မှ တပ်ရင်းမှူး Qi Fabao အား “နယ်စပ်ကာကွယ်ရေးအတွက် သူရဲကောင်း တပ်ရင်းမှူး”ဆိုသော ဝိသေသ ချီးမြှင့်ခဲ့သည်။

အစောပိုင်းတွင် အတည်မပြုနိုင်သော အစီရင်ခံစာများအရ တရုတ်တွင် သေဆုံးသူ ၄၅ ဦး အထိရှိခဲ့ကြောင်းနှင့် တရုတ်စစ်သား၆၀ ကျော်အား ထမ်းစင်များဖြင့် ခေါ်ဆောင်သွားခဲ့ပြီး သေလောက်သော ဒဏ်ရာမည်မျှ များများရှိကြောင်း မသိရကြောင်း အိန္ဒိယလေ့လာသူများ တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယတပ် မြောက်ပိုင်းစစ်ဌာနချုပ်ကို ညွှန်ကြားသည့် ဒုဗိုလ်ချုပ်ကြီး YK Joshi က ပြောကြားခဲ့သည်။

 အိန္ဒိယတပ်ဖွဲ့များသည် သြဂုတ်လ ၂၉ ရက်မှ ၃၀ ရက်အထိ ကုန်းမြင့်များအား သိမ်းပိုက်ထားချိန်အထိ တရုတ်တပ်များအနေဖြင့် လိုက်လျောရန် ပုံမပေါ်သည်ဟု ထင်မြင်ကြောင်း Joshi က အိန္ဒိယ သတင်းဌာန News18 သို့ ပြောကြားခဲ့သည်။ ပြန်လည်ဆုတ်ခွာရန် သဘောတူညီမှုကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ရရှိခဲ့သည်။

“ကျွန်တော်တို့က  Kailash  တောင်တန်း အခြေသာတဲ့ နေရာကို ယူထားခဲ့တာကြောင့် ဒီဆုတ်ခွာတာက ဖြစ်ပေါ်လာတာပါ။ ဒါကြောင့် ဒီရည်မှန်းချက်ပြည့်စုံပြီ။ ကျွန်တော်တို့ ၂၀၂၀ ဧပြီဆိုရင် ငြိမ်းချမ်းတဲ့အခြေအနေဆီ ပြန်သွားပြီ”ဟု Joshiက သတင်းဌာနသို့ ပြောကြားခဲ့သည်။

 စစ်တပ်၏ ခန့်မှန်းချက်အရ အနည်းဆုံး တရုတ်စစ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ပိုင်း ၈ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယလုံခြုံရေးအရာရှိ တစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့သည်။

 ထိုအကဲဖြတ်မှုသည် တိုက်ခိုက်မှုညတွင် ဒဏ်ရာရသူများကို ရွှေ့ရန် အသုံးပြုသော ထမ်းစင်များ၊ တရုတ်ရှေ့တန်း ဆေးရုံနှင့် ကွင်းဆင်းအစီရင်ခံစာများမှ ရယူသော သတင်းများအပေါ် အခြေခံသည်။
အခြား လုံခြုံရေးအရာရှိတစ်ဦးကလည်း အနည်းဆုံး တရုတ်စစ်သား ၁၂ ဦး သည် အဖြစ်အပျက်တွင် “ဆိုးဆိုးဝါးဝါး” ဒဏ်ရာရခဲ့သည်ဟု ဆိုခဲ့သည်။

နှစ်ဦးစလုံးသည် အစိုးရစည်းမျဉ်းများနှင့်အညီ အမည်မဖော်လိုသူအဖြစ် ပြောဆိုခဲ့သည်။

 ကာရာကိုရမ် တောင်တန်းများတွင် တင်းမာမှုများသည် မေလအစောပိုင်းတွင် စတင်ခဲ့ပြီး အိန္ဒိယနဲ့ တရုတ်စစ်သားများသည် တစ်ဖက်နှင့် တစ်ဖက် အဖန်ဖန်ဆိုခဲ့သည့် သတိပေးချက်များကို လျစ်လျူရှုခဲ့ကြပြီး ကြွေးကြော်မှု၊ ကျောက်ခဲနှင့် ပစ်ခတ်မှုနှင့် ရေထဲသို့ မြစ်များစီးဝင်သည့် မြစ်ဆုံနေရာ ၈ခုအဖြစ် သတ်မှန်ထားသည့် ပန်ဂွန်ကန် မြောက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြသည်။

ဇွန်လတွင် ထိတွေ့မှုများ ပိုမို တိုးပွားလာပြီး အိန္ဒိယသည် အငြင်းပွားနေသော နယ်စပ်တစ်လျှောက် ရာသီဥတုဒဏ်ခံသည့် စစ်ရေးလမ်းတည်ဆောက်ခဲ့ချိန်တွင် မြောက်ပိုင်းရှိ Depsangနှင့် ဂါဝမ်ချိုင့်ဝှမ်းသို့ ပျံ့နှံ့လာသည်။ တိုက်ပွဲများဖြစ်ပွားချိန်မှစ၍ နှစ်နိုင်ငံစလုံးသည် အမြှောက်တပ်၊ တင့်ကားများနှင့် ဂျက်လေယာဉ်များဖြင့် ထောက်ပံ့ထားသော သောင်းချီသောစစ်သားများအား အမှန်တကယ် ထိန်းချုပ်မှုမျဉ်း (LAC)တွင် နေရာချထားခဲ့ပြီး တပ်ဖွဲ့များသည် ကြမ်းတမ်းသော ဆောင်းရာသီအတွက် အခြေချနေခဲ့ကြသည်။

 တစ်ဖက်နှင့် တစ်ဖက်သည် အိန္ဒိယ - တရုတ် ဆက်ဆံရေးကို အကြီးအကျယ်ပြောင်းလဲစေခဲ့သည့် အကြမ်းဖက်မှုကို လှုံ့ဆော်သည်ဟု စွပ်စွဲခဲ့ကြသည်။ “ပဋိပက္ခအတွက် တာဝန်ရှိမှုသည် တရုတ်နှင့် မသက်ဆိုင်ကြောင်း” ဟွာက သောကြာနေ့က ဘေဂျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “တာဝန်ယူတတ်သော အင်အားကြီးနိုင်ငံအနေဖြင့် တရုတ်၏ သည်းခံမှုနှင့် ကတိကဝတ်အား ထင်ဟပ်စေခြင်းအား ထိန်းထားနိုင်ကြောင်း”သူမက ပြောကြားခဲ့သည်။

“ဒါပေမယ့် အိန္ဒိယဘက်က ထိခိုက်ဒဏ်ရာရမှုတွေကို အကြိမ်ကြိမ်ချဲ့ကား ပြောဆိုခြင်း၊ အမှန်တရားကို ပျက်ပြားစေခြင်းနှင့် နိုင်ငံတကာ လူထုအမြင်ကို လှည့်ဖြားခြင်းတွေ လုပ်နေပါတယ်။ အခု PLA Daily မှ အဖြစ်အပျက်နဲ့ ပါတ်သက်ပြီး အမှန်တရားကို ထုတ်ဖော်ပြသဖို့ အစီရင်ခံစာ ထုတ်ဝေခဲ့ပါတယ်”ဟု ဟွာက ပြောကြားခဲ့သည်။

 နှစ်နိုင်ငံအကြား ဆက်ဆံမှုများသည် ၎င်းတို့၏ သတ်မှတ်ထားခြင်းမရှိသော နယ်စပ်ကြောင့် တစိတ်တပိုင်း တင်းမာမှုများ ဖြစ်ပွားလေ့ရှိသည်။ သူတို့သည် ၁၉၆၂ ခုနှစ်တွင် နယ်စပ်စစ်ပွဲကို ဆင်နွှဲခဲ့ကြပြီး လာဒါ့ခ်သို့ပျံ့နှံ့ခဲ့ပြီး ထပ်တိုးတိုက်ပွဲများကြောင့် မငြိမ်မသက်ဖြစ်နေသည့် အပစ်အခတ်ရပ်စဲရေးဖြင့် အဆုံးသတ်ခဲ့သည်။ ထိုအချိန်မှစ၍ တပ်များသည် ရံဖန်ရံခါ တိုက်ပွဲဖြစ်ကြပြီး မသတ်မှတ်ထားသော နယ်စပ်ကို စောင့်ကြပ်နေကြသည်။ နှစ်နိုင်ငံအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပစ်ခတ်မှုမပြုရန် သဘောတူခဲ့ကြသည်။

အပြင်းအထန် အငြင်းပွားနေသော ထိန်းချုပ်ရေးမျဉ်းသည် အနောက်ပိုင်းရှိ လာဒါ့ခ်ရှိ တရုတ်ပိုင်နှင့် အိန္ဒိယပိုင် နယ်မြေများအား တရုတ်၏ အပိုင်ဟုဆိုထားသည့် အိန္ဒိယ၏ အရှေ့ဘက်ပြည်နယ် Arunachal Pradesh သို့ ခွဲခြားထားသည်။ ၎င်းသည် အိန္ဒိယနှင့် တရုတ်အကြား ဟိမဝန္တာနိုင်ငံများဖြစ်သည့် နီပေါနှင့် ဘူတန်တို့တွင် ပြန့်ကျဲစွာ တည်ရှိနေသည်။

အိန္ဒိယအဆိုအရ အမှန်တကယ် နယ်နိမိတ်သည် ၃,၄၈၈ ကီလိုမီတာ (၂,၁၆၇ မိုင်) ရှည်လျားပြီး တရုတ်ကမူ ၎င်းသည် သိသိသာသာ တိုတောင်းသည်ဟု ဆိုသည်။ ၎င်း၏ အမည်များအရ LAC သည် နယ်မြေပိုင်ဆိုင်မှုများထက် ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု ဧရိယာများကို ပိုင်းခြားထားသည်။

“တရုတ်နိုင်ငံအနေဖြင့် ဆွေးနွေးမှုများနှင့် နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းအားဖြင့် အငြင်းပွားမှုများအား ဖြေရှင်းရန် ကတိပြုထားဆဲ ဖြစ်သည်။ နှစ်နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အိန္ဒိယဘက်မှ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း” ဟွာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly