စစ်တပ်က တပ်တွေချထားပြီး အကြမ်းဖက်မှုတွေ အရှိန်မြင့်လာမယ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိတဲ့ကြားကပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ရန်ကုန်မှာ ဗုဒ္ဓဟူးနေ့က လူထောင်သောင်းများစွာ စုရုံးဆန္ဒပြကြပါတယ်။
“ဒီကနေ့ဟာ ကျွန်တော်တို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ့် နေ့ပဲ။ စစ်အုပ်ချုပ်ရေး ကျဆုံးတဲ့အထိ ကွှန်တော်တို့ရဲ့ စည်းလုံးမှုနဲ့ အင်အားကို ပြသသွားဖို့ လိုအပ်တယ်။ ပြည်သူတွေအနေနဲ့ လမ်းပေါ်ထွက်ကြပါ”ဆိုပြီး အသက် ၂၁ အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။
နယ်စွန်နယ်ဖျား ဒေသတွေကနေ စီးပွားရေးမြို့တော် ရန်ကုန်ဆီကို စစ်သားတွေ ပို့ဆောင်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အခြေအနေဟာ ထိန်းချုပ်မှုမဲ့သွားတဲ့အထိ ဖြစ်မှာကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောခဲ့ပါတယ်။