ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေချိုးဖောက်မှုဖြင့် စစ်တပ်က ထပ်မံအမှုဖွင့်  

 ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေချိုးဖောက်မှုဖြင့် စစ်တပ်က ထပ်မံအမှုဖွင့်  
Photo: EPA

ဖေဖော်ဝါရီ ၁၆  

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်တပ်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေချိုးဖောက်မှုဖြင့် ဒုတိယအကြိမ် ထပ်မံအမှုဖွင့်လိုက်ကြောင်း ၎င်း၏ရှေ့နေ့က အင်္ဂါနေ့တွင်ပြောသည်။ 

"ဒေါ်အောင်ဆန်းစုကြည်က သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေ ချိုးဖောက်မှုနဲ့ ဒုတိယအကြိမ် ထပ်မံအမှုဖွင့်ခံရတာပါ" ဟု  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က AFP ကို  ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းခံရပြီးကတည်းက  ၎င်းအိမ်၌ စကားပြောစက် တွေ့ရှိမှုဖြင့် သွင်းကုန်ပို့ကုန်ဥပဒေအရ အမှုဖွင့်ခံထားရပြီးဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required