မြန်မာနိုင်ငံမှာ အင်စတာဂရမ်နဲ့ တွစ်တာ ထပ်မံပိတ်ခံရပြီး ၄ ရက်မြောက် သံပုံးတီးကမ်ပိန်း ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံမှာ အင်စတာဂရမ်နဲ့ တွစ်တာ ထပ်မံပိတ်ခံရပြီး ၄ ရက်မြောက် သံပုံးတီးကမ်ပိန်း ဆက်လက်ပြုလုပ်
Photo - AFP

ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ပိတ်ပင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြလုပ်လာစဉ်မှာ သဘောထားကွဲလွဲမှုတွေကို ချေမှုန်းတဲ့ နောက်ဆုံးလှုပ်ရှားမှုအဖြစ် သောကြာနေ့ညပိုင်းက တွစ်တာနဲ့ အင်စတာဂရမ်တွေကို ပိတ်ဆို့လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ဖေ့စ်ဘွတ်ကို ပိတ်လိုက်ပြီးတဲ့နောက် ပြည်သူတွေဟာ ကြာသပတေးနေ့မှာ တွစ်တာကို အားကိုးလာကြလာ  အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဖော်ပြတဲ့ စကားလုံးတွေကို #hashtag  တွဲပြီး ဝေမျှခဲ့ကြပါတယ်။ 

မနေ့ည ၁၀ နာရီဝန်းကျင်လောက်က တွစ်တာကို ဖြတ်တောက်လိုက်ပြီးတဲ့နောက် တချို့ဆို VPN service နဲ့တောင် သုံးလို့မရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

အာဏာပိုင်တွေက တွစ်တာနဲ့ အင်စတာဂရမ်တွေကို ပိတ်ပို့ သောကြာနေ့က နောက်ထပ်အမိန့်ပေးခဲ့တယ်လို့  အဓိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Telenor က အတည်ပြုခဲ့ပါတယ်။

စစ်တပ်ဟာ ဖမ်းဆီးမှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်လာစဉ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သောကြာနေ့က ရန်ကုန်မြို့နေပြည်သူတွေနဲ့ နိုင်ငံရဲ့ တချို့နေရာတွေမှာ သံပုံးတီးကမ်ပိန်းနဲ့ မီးထွန်းဆုတောင်းပွဲတွေကို လေးရက်မြောက်အဖြစ် ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ 

စစ်အာဏာရှင်အကြီးအကဲနဲ့ တခြားအသစ်ခန့်အပ်ထားတဲ့ အရာရှိနာမည်တွေရေးထားတဲ့ ခေါင်းတလားတွေကို မီးရှို့ပြီးလည်း ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အာဏာရှင်ကိုတော်လှန်တဲ့ အမှတ်အသားဖြစ်တဲ့ ထိုင်းဒီမိုကရေစီလှုပ်ရှားမှုပုံစံမျိုး လက်သုံးချောင်းထောင်ပြကာ တော်လှန်ရေးသီချင်းတွေဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကို ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အဖွဲ့ရဲ့အဆိုအရ တာဝန်ရှိသူတွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၃၀ ကျော်ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly