ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ကြရန် ကမ္ဘာကို ကြေညာ

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ကြရန် ကမ္ဘာကို ကြေညာ

ဖေဖော်ဝါရီ ၅

အာဏာသိမ်းစစ်အစိုးရမှဖွဲ့စည်းထားတဲ့ မည်သည့်အဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့မှ တရားမဝင်ကြောင်းနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ကြဖို့ ကမ္ဘာကိုကြေညာကြောင်း ထုတ်ပြန်လိုက်ပါတယ်။

NLD ပါတီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားတွေစုပေါင်း ဖေဖော်ဝါရီ  ၅ရက်နေ့မှ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါ့အပြင်လက်ရှိအချိန်ထိ သမ္မတဦးဝင်းမြငိ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့သာလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင်အစိုးရဖြစ်ကြောင်းလည်း ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံငံတာအသိုင်းအဝိုင်းကို အသိပေးကြောင်းလည်း ရေးသားထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို Zoom Meeting ကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၅ ယောက်နဲ့ဖွဲ့စည်းလိုက်တာလည်းဖြစ်ပါတယ်။ အဲ့ဒီ့ကော်မတီကနေတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ရဲ့လုပ်ပိုင့်ခွင့် အဝဝကိုတာဝန်ခံဆောင်ရွက်သွားမှာလို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။

ဒီ့အပြင်ကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပါဝင်နိုင်ဖို့ကိုလည်း ဆက်လက်ဖိတ်ခေါ်သွားမယ်လို့သိရပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူတွေကို ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့နဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့လုပ်ငန်းတွေပုံမှန်လုပ်ကိုင်နိုင်ဖို့ CRPHကိုဖွဲ့စည်းရတာလို့လဲ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခြေခံဉပဒေနဲ့ ဆန့်ကျင်အာဏာသိမ်းမှုဟာ ပြည်သူကနေအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်အာဏာရဲ့တရားဝင်မှုကို  ဖျက်ဆီးနိုင်မှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့က စည်ပင်ရိပ်သာ (၂) မှာ ကျိမ်းကျိန်မှုကိုစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဖွဲ့စည်းပုံဉပဒေအရ သမ္မတ၊ ဒုတိယသမ္မတတွေကိုလည်း ရွေးချယ်အတည်ပြုဖို့တာဝန်ရှိနေတာလို့ ပြောဆိုထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly