ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုအပေါ် ဗြိတိန် ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုအပေါ် ဗြိတိန် ရှုတ်ချ
Photo: EPA

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုအပေါ် ဗြိတိန်က ရှုတ်ချလိုက်ပါတယ်။

တာ၀န်ကနေ ဖယ်ရှားခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒိုမစ်နစ် ရပ်ဘ်က ဖေဖော်၀ါရီ ၄ ရက်မှာ ရှုတ်ချသွားခဲ့ပြီး သူမကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုသွားခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော ရွေးကောက်ခံ ပုဂ္ဂိုလ်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့် တရားစွဲဆိုမှုတွေအပေါ် ကျွန်တော်တို့ ရှုတ်ချပါတယ်၊ သူတို့ကို ချက်ချင်း ပြန်လွှတ်ပေးပြီးတော့ စွဲဆိုထားတဲ့ စွဲချက်တွေ ဖယ်ရှားပေးရပါလိမ့်မယ်၊ ဒီမိုကရေစီကနေ နောက်ကြောင်းပြန်တာမျိုး မဖြစ်ရပါဘူး၊ ယူကေအနေနဲ့ ‌ရှေ့မှာဘာဆက်လုပ်မလဲဆိုတာကို နိုင်ငံတကာ ပါတနာတွေနဲ့ တိုင်ပင်နေပါတယ်” လို့ ရပ်ဘ်က တွစ်တာကနေ ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly